ဒေါ်လာဈေးမြင့်တက်မှုကြောင့် လိုက်ပါမြင့်တက်လာသည့် လူသုံးကုန်နှင့် သွင်းကုန်ဈေးနှုန်းများ ဒေါ်လာဈေးငြိမ်သွားသော်လည်း အမြင့်ဈေးနှင့် ဆက်လက်ရပ်တည်

ဒေါ်လာဈေးမြင့်တက်မှုကြောင့် လိုက်ပါမြင့်တက်လာသည့် လူသုံးကုန်နှင့် သွင်းကုန်ဈေးနှုန်းများ ဒေါ်လာဈေးငြိမ်သွားသော်လည်း အမြင့်ဈေးနှင့် ဆက်လက်ရပ်တည်
Published 24 July 2015
အေးမြတ်မွန်၊ သက်ထား

ဒေါ်လာဈေးမြင့်တက်မှုကြောင့် လိုက်ပါမြင့်တက်လာသည့် လူသုံးကုန်နှင့် သွင်းကုန်ဈေးများ ဒေါ်လာဈေးငြိမ်သွားသော်လည်း အမြင့်ဈေးအတိုင်း ဆက်လက်ရပ်တည်နေကြောင်း သိရသည်။ဒေါ်လာဈေးနှုန်မှာ ဇူလိုင်လဒုတိယပတ်ခန့်ကပင် သိသာစွာစတင်မြင့်တက်လာခြင်းဖြစ်ပြီး ဒေါ်လာဈေးမြင့်မှုနှင့်အတူ အခြားသော နိုင်ငံခြားငွေများပါမြင့်တက်လာခြင်းကြောင့် ပြည်ပမှတင်သွင်းရသည့် သွင်းကုန်များနှင့်အတူ လူသုံးကုန်ပစ္စည်းများမှာ ဈေးမြင့်သည့်နှုန်းထားတွင်သာ ဆက်လက်ရပ်တည်နေကြောင်း သိရသည်။"ဆေးဆိုတာက ပြည်ပက မဖြစ်မနေတင်သွင်းရတာပဲ။ ဆေးဈေးတွေက ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်တက်သွားတယ်။ ဒေါ်လာဈေးတက်ရင် ဈေးကအကုန်တက်တာပဲ" ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။ဒေါ်လာဈေးမြင့်တက်ခဲ့ခြင်းကြောင့် ထိုင်းဘတ်ငွေဈေးလည်း မြင့်တက်ခဲ့ကာ ထိုင်းမှဝင်ရောက်သည့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် အဝတ်အထည်အမျိုးမျိုး၊ အိတ်အမျိုးမျိုး၊ ဖိနပ်၊ အလှကုန် စသည့်ပစ္စည်းများမှာ ယခင်ဈေးထက် ၁၀ ရာနှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း သိရသည်။"အဓိကသိသိသာတက်လာတာက အခြေခံမရှိမဖြစ်သုံးနေရတဲ့ ဆေးနဲ့ နိုင်ငံခြားကသွင်းတဲ့ လူသုံးကုန်တွေပါ။ ဆေးက လက်ကားယူရဈေးနှုန်းတက်တာနဲ့အတူ လက်လီဈေးကတက်သွားတာ။ လက်လီဝယ်တဲ့သူတွေက ဈေးအမြင့်သုံးရတာကြောင့်  ပိုသိသာတယ်။ အခုက ဒေါ်လာဈေးပြန်ကျရင်တောင် ဈေးကပြန်ကျတော့မယ်မထင်ဘူး" ဟု တာမွေမြို့နယ်ရှိ ဆေးလက်လီအရောင်းဆိုင်က ပြောကြားသည်။ထိုင်းအလှကုန်နှင့် လူသုံးကုန်များမှာ ဒေါ်လာဈေးမြင့်တက်စဉ်ကရှိသည့် ဈေးနှုန်းများအတိုင်းပင် ဆက်လက်ရှိနေကာ ဒေါ်လာဈေးကျပါက ဈေးပြန်လည်ကျဆင်းနိုင်ကြောင်း ထိုင်းနိုင်ငံထုတ် အလှကုန်၊ လူသုံးကုန်များတင်သွင်းရောင်းချသည့် ကိုဝင်းမြင့်ထူးက ပြောပြသည်။"အခုရက်ပိုင်းက ဒေါ်လာဈေးကအတက်အကျမကြမ်းဘဲ အတက်ဈေးနဲ့ငြိမ်နေတာဆိုတော့ ဈေးတွေက နဂိုတက်ခဲ့တဲ့ဈေးအတိုင်းမှာပဲရှိတယ်။ ဈေးကမကျသေးဘူး။ ဒေါ်လာဈေးပြန်ကျရင်လည်း ချက်ချင်းကြီးဈေးမကျဘူး။ အတက်ဈေးနဲ့ဝယ်ထားပြီးသားတွေ အကုန်ရောင်းရတာဆိုတော့ ဈေးကျခဲ့ရင်တောင် ချက်ချင်းကြီးပြန်မကျဘူး" ဟု ၎င်းကဆိုသည်။အလားတူပင် ထိုင်းနိုင်ငံမှတင်သွင်းသည့် မုန့်နှင့် အချိုရည်တို့မှာလည်း ဈေးစတင်မြင့်တက်နေပြီး မုန့်အမျိုးအစားပေါ်မူတည်ကာ ကျပ် ၅၀ မှစတင်ကာ အချိုရည်အမျိုးအစားများပေါ်မူတည်ပြီး ကျပ် ၅၀ နှင့်အထက် စတင်ဈေးမြင့်တက်နေသည်။လူသုံးကုန်ပစ္စည်းများဖြစ်သည့် အဝတ်အထည်အမျိုးမျိုး၊ အိတ်အမျိုးမျိုး၊ ဖိနပ်၊ အလှကုန်စသည့်ပစ္စည်းများမှာ ယခင်ဈေးထက် ၁၀ ရာနှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း သိရသည်။ဇူလိုင် ၂၃ ရက် ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၅၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၄၇ ကျပ် ဝန်းကျင်တွင်ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူတစ်ဒေါ်လာရောင်းဈေး ၉၁၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၀၃ ကျပ်ဝန်းကျင်နှင့် ယူရိုတန်ဖိုးမှာ တစ်ယူရိုရောင်းဈေး ၁၃၄၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၃၀ ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။

Most Read

Most Recent