အစိုးရဝန်ကြီးဌာန ၃၁ ခုရှိနေရာ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေသည့်အတွက် အစိုးရယန္တရားကို ပိုမိုကျစ်လျစ်ကောင်းမွန်အောင် ပြုပြင်ဖွဲ့စည်းရန် လိုအပ်ကြောင်း ရသုံးမှန်းခြေဆိုင်ရာအကြံပြုသုံးသပ်ချက်စာတမ်းတွင် ဖော်ပြ

အစိုးရဝန်ကြီးဌာန ၃၁ ခုရှိနေရာ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေသည့်အတွက် အစိုးရယန္တရားကို ပိုမိုကျစ်လျစ်ကောင်းမွန်အောင် ပြုပြင်ဖွဲ့စည်းရန် လိုအပ်ကြောင်း ရသုံးမှန်းခြေဆိုင်ရာအကြံပြုသုံးသပ်ချက်စာတမ်းတွင် ဖော်ပြ
Published 5 July 2015

 
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် (နြ) တွင် ဘတ်ဂျက်လိုငွေ ငါးရာခိုင်နှုန်းအထက်ရှိ နေမည်ဖြစ်ပြီး လက်ရှိတွင် အစိုးရဝန်ကြီး ဌာန ၃၁ ခုရှိနေကာ အဆိုပါဝန်ကြီးဌာနများ ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေသည့် အတွက် အစိုးရယန္တရားကို ပိုမိုကျစ်လစ် အောင် ပြုပြင်ဖွဲ့စည်းရန်လိုအပ်ကြောင်း ရန် ကုန်မြို့ရှိ တော်ဝင်နှင်းဆီတွင် ထုတ်ပြန် လိုက်သည့် ရသုံးမှန်း ခြေဆိုင်ရာအကြံပြုစာ တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
 
ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ဘတ်ဂျက် လိုငွေကျပ်၂၇၅၁ ဘီလျံရှိခဲ့ကြောင်း၊ ယင်း ပမာဏသည် စုစုပေါင်းပြည်တွင်းထုတ် လုပ်မှု၏ ၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိကြောင်း၊   မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနများ အများအပြား ဖြစ်နေခြင်းမှာလည်း ဘတ်ဂျက်လိုငွေ မြင့် တက်စေကြောင်း၊ လုပ်ငန်းလိုအပ်ချက်အရ မဟုတ်ဘဲ ရာထူးနေရာများများ ဖန်တီးထား မှုကြောင့် လေလွင့်ဆုံးရှုံးမှုများ ရှိနေကြောင်း လည်း သုံးသပ်ထားသည်။
 
အလားတူ ဘတ်ဂျက်လိုငွေနှစ်စဉ်မြင့် တက်နေကြောင်း၊ ၂၀၁၄-၂၀၁၅ဘဏ္ဍာ နှစ်တွင် ၄ ဒသမ ၁၆ ရာခိုင်နှုန်းနှင့် ၂၀၁၅- ၂၀၁၆ဘဏ္ဍာနှစ်(BE )တွင် လိုငွေ ၅ ဒသမ ၂၂ ရာခိုင်နှုန်းနှင့် (RE ) တွင် ၃ ဒသမ ၈၅ ရာခိုင်နှုန်းပြနေကြောင်း သိရသည်။
 
"ဘတ်ဂျက်တစ်ခုကို BE တုန်းက ချ လိုက်တယ်။ တကယ်တမ်းအကောင်အထည် မဖော်သေးဘူး။ နောက်ထပ် RE ထပ် တောင်းတယ်။ ဒီကိစ္စတွေကို ပြည်သူသိဖို့လိုတယ်။ ပြည်သူက ဘာမှမသိဘူး။ ဒါကြောင့် ကျွန်တော်တို့ အခုလို သတင်းစာရှင်းလင်းပွဲ ကျင်းပရတာပါ" ဟု ဘတ်ဂျက်လေ့လာစောင့်ကြည့်ရေးအကြံပေးအဖွဲ့မှ ဦးစိန်ဌေးက ပြောကြားခဲ့သည်။
 
"ဝန်ကြီးဌာနတွေ အစကတည်းက ဝင်ငွေဘယ်လောက်ရှာမလဲ။ ငါတို့ဘယ်နေရာတွေမှာ ပြန်သုံးမလဲ အစကတည်းက Plan ရှိရတယ်။ လုပ်ပြီးတော့ တကယ်ဘတ်ဂျက် ထွက်လာတဲ့အခါ အစကတည်းကချထား တဲ့ ငွေနဲ့မကွာရဘူး။ ဘာတွေကြောင့် ကွာနိုင်လဲဆိုရင်  Exchange Rate အပြောင်းအလဲကြောင့် ကွာနိုင်တယ်။  မမြင်ရတဲ့သဘာ၀ ဘေးအန္တရာယ်အခြေအနေ တစ်ခုခုကျ ရောက်လို့ ကွာသွားနိုင်တယ်။  နောက် ပြည်ပက Loans  တွေ ရနိုင်တယ်။ ဒါကြောင့် BE နဲ့ RE ကွာသွားနိုင်တယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဘယ်လောက်အတိုင်းအတာထိပဲ ကွာသင့်တယ်ဆိုတာ ရှိတယ်။ ထိန်းချုပ် မရတဲ့အကြောင်းအချက်ကလွဲပြီး ကျန်တာကွာလို့မရပါဘူး။ အခုဝန်ကြီးဌာနတွေက ဘာဖြစ်သလဲဆိုတော့ မူလဘတ်ဂျက်မှာ တစ်ရာတောင်းထားတယ်ဆိုပါတော့။ နောက် တကယ်သုံးတော့ ထပ်တောင်းတယ်။ ဘတ် ဂျက်စတောင်းကတည်းက မှန်မှန်ကန်ကန် မတောင်းခဲ့ဘူး။ နောက်တစ်ခုက ဘာတွေ့ ရလဲဆိုတော့ တချို့ဝန်ကြီးဌာနတွေကျတော့ သုံးနိုင်တာထက် ပိုတောင်းလိုက်တယ်။ ပြီးတော့မှ ပြန်အပ်ရတယ်။ အဲဒီမှာ ဘာတွေ့ရ လဲဆိုတော့ သုံးသင့်သုံးထိုက်တဲ့နေရာမှာ မသုံးရဘဲနဲ့အလေအလွင့်ဖြစ်သွားတာမျိုး တွေရှိတယ်။ အဲဒီပိုက်ဆံကို ဝန်ကြီးဌာနက နေပြီးတော့ သူကြိုက်တဲ့ဝန်ကြီးဌာနကို ထပ် ချပေးနိုင်တဲ့အနေအထားရှိတယ်။ အဲဒါမျိုး တွေမဖြစ်ရအောင် ပြည်သူပါဝင်တဲ့ ဘတ် ဂျက်ခွဲဝေမှုဖြစ်အောင် ကျွန်တော်တို့ကြိုး စားနေတာဖြစ်ပါတယ်" ဟု Renaissance Institute (RI)  ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမျိုး မြင့်က ပြောကြားခဲ့သည်။
 
အချို့သောဝန်ကြီးဌာနများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် ၎င်းင်း၏ဝင် ငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် သီးခြားအကောင့်များ ဖွင့်လှစ်အသုံးပြုလေ့ရှိကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ထို ဘဏ်စာရင်းများသို့ ဝင်ငွေမှာ စုစုပေါင်း ဘတ်ဂျက်ရငွေ၏ ၄၄ ရာခိုင်နှုန်းနှင့် အသုံး စရိတ် ၂၈ ရာခိုင်နှုန်းခန့်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent