ဖွဲ့စည်ပုံပြင်ဆင်ရေး ဒုတိယနေ့ ဆွေးနွေး၊ ၅၉ (စ) မူလအတိုင်းထားရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ဖွဲ့စည်ပုံပြင်ဆင်ရေး ဒုတိယနေ့ ဆွေးနွေး၊ ၅၉ (စ) မူလအတိုင်းထားရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 24 June 2015

ဇွန် ၂၄ ရက် (ယနေ့) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆(က)နှင့်စပ်လျဉ်းပြီး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိရာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ၁၈ ဦး ပါဝင်ဆွေးနွေးမည် ဖြစ်သည်။ထိုသို့ ဆွေးနွေးရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေမူကြမ်းပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြင်ဆင်ချက်များအတိုင်း ပြင်ဆင်ရန် ဆွေးနွေးကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် များကမူ ပုဒ်မ ၅၉(စ)ကို ပယ်ဖျက်ရန်နှင့် ပုဒ်မ ၄၃၆ ပါ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိုယ်စားလှယ် ရာခိုင်နှုန်း လျော့ချရေးအား ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ သို့ရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စိုးက ပုဒ်မ ၅၉(စ) အား မူလအတိုင်းထားရှိရန် ကန့်ကွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent