ဇွန် ၈ ရက်တွင် ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ နီးပါးအထိ ဆက်တိုက်ထိုးတက်လာ

ဇွန် ၈ ရက်တွင် ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ နီးပါးအထိ ဆက်တိုက်ထိုးတက်လာ
Published 8 June 2015
အောင်မြတ်ကို

ပြင်ပဈေးကွက်၌ ဒေါ်လာတန်ဖိုး ဆက် တိုက်မြင့်တက်နေပြီး ဇွန် ၈ ရက် ဈေးကွက် ပေါက်ဈေး တစ်ဒေါ်လာလျှင် ၁၁၉၅ ကျပ် (ကျပ် ၁၂၀၀ နီးပါး) အထိ ရှိလာကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းမှ သိရသည်။
ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုး သည် ဇွန်လအတွင်း ဆက်တိုက်မြင့်တက်လာ ခြင်းဖြစ်ပြီး ဇွန်ပထမပတ် ဇွန် ၁ ရက်တွင် ဈေးကွက်ပေါက်ဈေး ၁၁၄၀ ကျပ်ဝန်းကျင် မှ ဇွန် ၅ ရက်တွင် ဈေးကွက်ပေါက်ဈေး ၁၁၇၃ ကျပ် ဝန်းကျင်အထိ တစ်ပတ်အတွင်း ၃၃ ကျပ် ဝန်းကျင် မြင့်တက်သွားသည်။ ပြင်ပဈေး ကွက်တွင် ဆက်တိုက် မြင့်တက်နေသော ဒေါ်လာတန်ဖိုးသည်ဇွန် ဒုတိယပတ် ဇွန် ၈ ရက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ၁၁၉၅ ကျပ်  ဝန်းကျင်အထိရှိလာပြီး ဇွန်ပထမပတ် နောက်ဆုံးဈေးနှုန်းထက် ၂၂ ကျပ် ဝန်းကျင် ထပ်မံမြင့်တက် လာခဲ့သည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ ဇွန်လအတွင်း တိုးမြင့်သတ်မှတ်လျက်ရှိသည်။ ဇွန် ၁ ရက်တွင် ၁၀၉၀ ကျပ်မှ ဇွန် ၄ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၀၉၇ ကျပ်သို့ လည်းကောင်း၊ ဇွန် ၅ ရက်တွင် ၁၁၀၅ ကျပ်သို့ လည်းကောင်း၊ တစ်ပတ်အတွင်း ၁၅ ကျပ် တိုးမြင့်သတ်မှတ်ထားပြီး ဇွန် ဒုတိယပတ် ဇွန် ၈ ရက်အထိ ဒေါ်လာတန်ဖိုး ၁၁၀၅ ကျပ် သတ်မှတ်ထားသည်။
ပို့ကုန်ရငွေ တန်ဖိုးမှာလည်း ဇွန် ၂ ရက် တွင် တစ်ဒေါ်လာတန်ဖိုးမှာ ၁၁၄၅ ကျပ်ဝန်း ကျင်မှ ဇွန် ၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၃ ကျပ်ဝန်းကျင်အထိ ၂၈ ကျပ်ဝန်းကျင်၊ ဇွန်ဒုတိယပတ် ဇွန် ၈ ရက်တွင် ၁၁၉၁ ကျပ် ဝန်းကျင်သို့ မြင့်တက်ခဲ့ပြီး ဇွန် ပထမပတ်ဈေးနှုန်းထက် ၁၈ ကျပ် ဝန်းကျင်မြင့်တက်လာသည်။
ဇွန် ၈ ရက်တွင်ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၁၀၅ ကျပ်သို့ တိုးမြင့် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ် ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၁၉၅ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၁၉၀ ကျပ်ဝန်းကျင်တွင် ရှိနေကြောင်း၊ ပို့ကုန်ရငွေတန်ဖိုးမှာ တစ်ဒေါ် လာလျှင် ၁၁၉၁ ကျပ် ဝန်းကျင်တွင် ရှိနေကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။
ပြည်တွင်းပုဂ္ဂလိက ဘဏ်အချို့၏ တရားဝင် နိုင်ငံခြားငွေလဲကောင်တာများတွင် ရောင်းဈေး ၁၁၁၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၁၄ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း၊ A.D လိုင်စင်ရဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်းဘောင် အတွင်း၌လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။
 

Most Read

Most Recent