မြန်မာ-ယူကေ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာရေးထိုး

မြန်မာ-ယူကေ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာရေးထိုး
Published 5 June 2015
သက်ထား၊ အေးမြတ်မွန်

မြန်မာ-ယူကေ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာကို ၂၀၁၅ ဇွန် ၅ ရက်တွင် ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်တွင် ရေးထိုးခဲ့ကြောင်း သိရသည်။အဆိုပါနားလည်မှုစာချွန်လွှာကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ဗြိတိန်ကုန်သည်များအသင်းတို့ ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းနားလည်မှုစာချွန်လွှာသည် ကုန်သည်စက်မှုအသင်းချုပ်နှင့် ဗြိတိန်ကုန်သည်များအသင်းအနေဖြင့် နိုင်ငံတကာကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရန်နှင့် ရေရှည်တည်တံံ့ခိုင်မြဲသော စီးပွားရေးအသိုက်အဝန်းတစ်ခုဖော်ဆောင်ရန်၊ ရည်မှန်းချက်များလက်ကိုင်ထားကာ နှစ်ဖက်စီးပွားရေးအခွင့်အလမ်းဆိုင်ရာ သတင်းအချက်အလက်များ မျှဝေခြင်း၊ နှစ်ဖက်စီးပွားရေးလုပ်ငန်းများ ဆက်သွယ်ချိတ်ဆက်ပေးခြင်း စသည်တို့ဖြင့် တာဝန်ယူသော၊ ရည်ရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်သွားရန် ရည်ရွယ်ကြောင်း သိရသည်။"အခုနားလည်မှုစာချွန်လွှာဟာ မြန်မာနိုင်ငံအတွက် ဗြိတိန်နိုင်ငံနဲ့ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုကို ပိုတိုးမြှင့်ဆောင်ရွက်စေဖို့အတွက် ဆွဲဆောင်ရာမှာ အထောက်အကူပြုမှာဖြစ်ပါတယ်။ ယူကေ -မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ အရင်ကတည်းကရှိနေတော့ အခုလိုအသင်းအချင်းချင်း လက်တွဲလိုက်တာဟာ ဗြိတိန်ကစီးပွားရေးလုပ်ငန်းတွေကို ပိုမိုဆွဲဆောင်နိုင်မှာပါ" ဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။အဆိုပါနားလည်မှုစာချွန်လွှာအရ ဗြိတိန်ကုန်သည်များအသင်းချုပ်အနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရာတွင် မြန်မာနိုင်ငံသို့လာရောက်ပြီး မြန်မာ-ဗြိတိန် စီးပွားရေးအသိုက်အဝန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။"ဗြိတိန်ကုန်သည်များအသင်းအနေနဲ့ ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ပံ့ပိုးမှုနဲ့အတူ ဗြိတိန်စီးပွားရေးလုပ်ငန်းများစွာဟာ မြန်မာနိုင်ငံမှာ လက်တွဲလုပ်ဆောင်ဖို့ရှိပါတယ်။ လက်ရှိမှာလည်း ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်များကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်းတွေပေးနေပါတယ်။ မြန်မာကုမ္ပဏီတွေအနေနဲ့လည်း ကုန်သည်များအသင်းတွေမှာ ပူးပေါင်းခြင်းအားဖြင့် နိုင်ငံတကာစီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးယူကြဖို့ ဖိတ်ခေါ်လိုပါတယ်" ဟု ဗြိတိန်ကုန်သည်များအသင်းဥက္ကဋ္ဌ Mr.Tony Picon ကပြောကြားသည်။ဗြိတိန်ကုန်သည်များအသင်းကို BG Group,Jardines,Prudential and Standard Chartered Bank တို့၏ပံ့ပိုးမှုဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်မြို့၌တည်ထောင်ခဲ့ပြီး မြန်မာ၊ ဗြိတိန်၊ အာဆီယံနှင့် ဥရောပမှ အသင်းဝင်ကုမ္ပဏီပေါင်း ၁၄၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent