စစ်အုပ်ချုပ်ရေးကို လက်မြှောက်အရှုံးပေးရမည့်အစား ထောင်ထဲသို့သာ ဝင်သွားခဲ့ကြသော မြန်မာလူငယ်များ၏ စိတ်ဓာတ်ကို အမေရိကန်သမ္မတ အိုဘားမားက ဆယ်လ်မာမြို့ ချီတက်ဆန္ဒပြပွဲ နှစ် (၅ဝ) ပြည့် အခမ်းအနား မိန့်ခွန်းတစ်ရပ်တွင် ထည့်သွင်းချီးကျူး ပြောဆိုသွားခဲ့သည်။အမေရိကန်သမ္မတ အိုဘားမားက အမေရိကန် အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုသမိုင်းတွင် အထင်ကရဖြစ်ခဲ့သော အလာဘားမားပြည်နယ်၊ ဆယ်လ်မာမြို့ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲ နှစ် (၅ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်တွင် ပြောကြားခဲ့သည့် ၎င်း၏မိန့်ခွန်း၌ မြန်မာ့အရေးနှင့် ပတ်သက်၍ မြန်မာလူငယ်တို့ကို ထုတ်ဖော်ချီးကျူးခဲ့ခြင်းဖြစ်သည်။ ၎င်း၏မိန့်ခွန်းထဲတွင် အိုဘားမားက “မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်အုပ်ချုပ်ရေးကို အညံ့ခံဖို့၊ လက်မြှောက်အရှုံးပေးဖို့ထက်စာရင် ထောင်ထဲကိုပဲ သွားခဲ့ကြတယ်” ဟု ပြောကြားခဲ့သည်။မတ် ၇ ရက်က ကျရောက်ခဲ့သည့် ဆယ်လ်မာမြို့မှ မောင်ဂိုမာရီမြို့သို့ ချီတက်ဆန္ဒပြခဲ့သည့် အကြမ်းမဖက် ဆန္ဒပြသူ ၆ဝဝ ကျော်ကို အလာဘားမားပြည်နယ် တပ်ဖွဲ့ဝင်များက တိုက်ခိုက်ဖြိုခွင်းခဲ့မှု “သွေးထွက်သံယို တနင်္ဂနွေ” ဖြစ်ရပ် နှစ် (၅ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသည့် ထောင်နှင့်ချီသော ပြည်သူလူထုရှေ့မှောက်၌ အိုဘားမားက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းမိန့်ခွန်းတွင် တန်းတူအခွင့်အရေးများနှင့်ဆိုင်သည့် ကိစ္စရပ်များကို ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံသားများ အနေဖြင့်လည်း တိုင်းပြည် ပိုမိုကောင်းမွန်လာစေရေးအတွက် လက်တွဲပူးပေါင်း လုပ်ဆောင်သွားကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။အမေရိကန်သမ္မတ အိုဘားမားသည် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။ထို့ပြင် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ သမ္မတအိုဘားမား အနေဖြင့် ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ အနေဖြင့် သမ္မတအိုဘားမား လက်ထက်တွင် မြန်မာနိုင်ငံနှင့် နိုင်ငံခြားရေးမူဝါဒ သိသိသာသာ ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်လေ့လာမှုများ ရှိနေဆဲ ဖြစ်သည်။၂ဝ၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစည်းအရုံး (YSEALI) မှ လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားပေးခဲ့သည်။
စစ်အုပ်ချုပ်ရေးအပေါ် လက်မြှောက်အရှုံးမပေးဘဲ ထောင်ထဲဝင်သွားကြသော မြန်မာလူငယ်များကို အမေရိကန်သမ္မတ အိုဘားမားက ဆယ်လ်မာမြို့ ချီတက်ဆန္ဒပြပွဲ နှစ် (၅၀) ပြည့် အခမ်းအနားမိန့်ခွန်းတွင် ချီးကျူးပြောဆိုခဲ့