ယာယီသက်သေခံလက်မှတ်နှင့် ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များကို ပညာရှင်များပါဝင်မည့် လေ့လာသုံးသပ် အကြံပြုရေး ကော်မရှင်၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်မည်

ယာယီသက်သေခံလက်မှတ်နှင့် ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များကို ပညာရှင်များပါဝင်မည့် လေ့လာသုံးသပ် အကြံပြုရေး ကော်မရှင်၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်မည်
Published 26 February 2015
ဇာလီမြင့်ဦး

ယာယီသက်သေခံလက်မှတ်နှင့် ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များအား ပညာရှင်များပါဝင်မည့် အစိုးရလေ့လာသုံးသပ် အကြံပြုရေးကော်မရှင်၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ဖေဖော်ဝါရီ ၂၆ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
ဦးမောင်မောင်သန်းက“ ကော်မရှင်က မဖွဲ့ရသေးဘူး။ အဲဒီဖွဲ့တဲ့ အခါမှာလည်း ပညာရှင်တွေ ဘာတွေအကုန်ပါမှာပေါ့။ အခု လောလောဆယ်တော့ ကျွန်တော်တို့က ကော် မရှင်ဖွဲ့ပြီးတော့ ကြေညာချက်ကို စောင့်နေပါတယ်။ ကော်မရှင်ဖွဲ့ပြီဆိုတဲ့အခါကျတော့ မှ အဲကော်မရှင်အဖွဲ့နဲ့ ကျွန်တော်တို့က ကျွန် တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို တင်ပြ ပြီး ကော်မရှင်ရဲ့လမ်းညွှန်မှုအတိုင်း ဆောင် ရွက်မှာပါ”ဟု ပြောကြားသည်။
ဖေဖော်ဝါရီ ၁၁ ရက်တွင် နိုင်ငံတော် သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် ၁၉/ ၂ဝ၁၅ အဖြစ် ထုတ်ပြန်ခဲ့ရာ ကြေညာချက် တွင် ယာယီသက်သေခံလက်မှတ်သက်တမ်း သတ်မှတ်ခြင်း၊ သက်တမ်းကုန်ဆုံးသည့်  လက် မှတ်များအပ်နှံရေးနှင့် စိစစ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း စသည့် အချက်များအပြင် ယာယီသက်သေခံလက် မှတ်နှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသည့် အတွက် ပညာရှင်များပါဝင်သော နိုင်ငံတော် အစိုးရလေ့လာသုံးသပ်အကြံပြုရေး ကော်မ ရှင်တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။
အမိန့်ကြော်ငြာစာအရ ယာယီသက် သေခံလက်မှတ် သက်တမ်းကုန်ဆုံးရက်မှာ ၂ဝ၁၅ မတ် ၃၁ ရက်ဖြစ်ပြီး သက်တမ်းကုန် ဆုံးသည့် လက်မှတ်များအပ်နှံခြင်းကို ၂ဝ၁၅ မေ ၃၁ ရက်နောက်ဆုံးထား အပ်နှံရမည်ဖြစ် ကာ နောက်ဆက်တွဲလုပ်ငန်းစဉ်များကို လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာနအနေဖြင့် ကော်မရှင်၏ အကြံပြုချက်အ တိုင်း လုပ်ဆောင်ရန် စီစဉ်ထားခြင်းဖြစ် ကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံအတွင်း အသက် ၁၈ နှစ်ပြည့်ပြီး ယာယီသက်သေခံလက်မှတ်ကိုင် ဆောင်သူမှတ်တမ်းမှတ်ရာများအရ ငါးသိန်း ကိုးသောင်းကျော်ရှိကြောင်းနှင့် အဆိုပါ ကိုင်ဆောင်သူများထဲတွင် ဘင်္ဂါလီ၊ အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်လူမျိုးများနှင့်  နယ်စပ် ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသား လူမျိုးအချို့လည်း ပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြား ထားသည်။
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများတွင် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအရ မြန်မာနိုင်ငံသားအဖြစ် စိစစ်ဖို့ ကျန်နေသည့်သူများ၊ အထောက်အထားများ တင်ပြရန် အခက်အခဲရှိသည့်အတွက် နိုင်ငံသားအရည်အချင်း သတ်မှတ်မှု မပြုနိုင်သေး သည့်သူများနှင့် နိုင်ငံခြားသားများကိုင်ဆောင် ရမည့်မှတ်ပုံတင်တစ်မျိုးမျိုးကို ကိုင်ဆောင် ခွင့်ရှိသူများ ပါဝင်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၅ ဇန်နဝါရီမှ ဇွန်လကုန်အထိလုပ်ဆောင်နေသည့် မိုးပွင့် (အထူး)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးမှုနှင့်တစ်ပြိုင်နက် ယာယီသက်သေခံလက်မှတ်များ အပ်နှံခြင်းနှင့် အဆိုပါလက်မှတ်ကိုင်ဆောင်သူများ အား နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု စိစစ်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ယာယီသက်သေခံ လက်မှတ်အပ်နှံသည့် အချိန်ကာလနှစ်လအတွင်း အချိန်လုံ လောက်မှုရှိနိုင်၊ မရှိနိုင် ဝေဖန်မှုများရှိနေ သည့်အပေါ် ဦးမောင်မောင်သန်းက “ကျန်ရှိ နေတယ်ဆိုရင်တော့ အခြေအနေအရ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဥပဒေထဲမှာလည်း အအပ်ခံတဲ့ ရက်တို့ဘာတို့ကို တိုးလို့ပြုလို့ရပါတယ်။ သူတို့လာအပ်တဲ့ဟာ အပေါ် အခြေအနေအပေါ် မူတည်မှာပေါ့နော်” ဟု ပြောကြားသည်။
လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်း ယာယီသက်သေခံလက်မှတ်များ လာရောက်အပ်နှံရာတွင် လက်ခံနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်အားလုံးတွင် လက်ခံရေးစခန်းများ ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။         
 
 

Most Read

Most Recent