မြန်မာ့တပ်မတော်နှင့် မူလတာဝန်

မြန်မာ့တပ်မတော်နှင့် မူလတာဝန်
Published 25 February 2015
ဒေါက်တာအောင်ခင်ဆင့်

လောက်ကိုင်အရေး၊ လောက်ကိုင်တိုက်မှု၊ ခိုက်မှု၊ သောင်းကျန်းသူတို့ စစ်ပွဲအင်အား ကြီးမားလှပါ၍ ယခု တပ်မတော်သားပေါင်းများစွာ မြောက်မြားစွာ အသက်ဆုံးရှုံးတာတစ်မျိုး၊ ကြီးမားစွာ ခံစားနေရပါတဲ့ သေနတ်ဒဏ်ရာရ တပ်မတော်သားများ မမျှော်လင့်သော ဒုက္ခ ကြုံနေရပါ၍ ပြည်သူအများ စိတ်လွန်စွာမကောင်း ဖြစ်နေ၊ လှူဒါန်းနေရပါပြီ။ ဆက်ပြီး မည်သို့ဒုက္ခ အိမ်နီးချင်းတို့က ပေးလေဦးမလား ခံစားဒုက္ခ ကြုံကြရဦးမှာလားဆိုသည့် ဒုက္ခပေါင်းစုံ ကြုံနေရပါတဲ့ ယခု အချိန်အခါကြီးအကြောင်း ပြောနေတာပါ။ကိုးကန့် သောင်းကျန်းသူကိုးကန့်သောင်းကျန်းသူ နောက်ဆုတ်မသွားသေးဘူး၊ လောက်ကိုင်ဒေသ သုံးလ စစ်အုပ်ချုပ်ရေး၊ သုံးလမက ကြာဦးမှာလား၊ မန္တလေးမြို့ နေပြည်တော်ကြီး နေပြည်တော်မှ ဟုတ်ပါသေးရဲ့လား။ တိုင်းတစ်ပါးက မသိမသာ ပိုင်ရေးဆိုင်ရေး ကြိုးစားခံနေကြတာ မန္တလေးသားတို့ အော်နေပြောနေကြတာ ယခု အရပ်သားအစိုးရနှင့် တပ်မတော်က သတိထားမိပါသေးရဲ့လား။ တပ်မတော်ထွက် ပုဂ္ဂိုလ်ကြီးတစ်ဦးက ‘သူတို့ကို ကျေးဇူးတင်ရဦးမှာပါ’ ဟု ပြောခဲ့တာက ကျပ်သုံးသိန်းမကတဲ့ လာဘ်ပေးလာဘ်ခံ လုပ်နေရတာ ဤဘောင်းဘီချွတ် ပုဆိုးဝတ်တို့ ကောင်းစားစွာခံစားနေရလို့ ကျေးဇူးတင်ကြောင်း ပြောနေပါသလားဟု မေးစရာ ကြုံခဲ့ပြီးပါပြီ။သက်တမ်း ကုန်ဆုံးတော့မည့် အစိုးရလက်ရှိ အစိုးရအဖွဲ့၏ သက်တမ်းကုန်ဆုံးတော့မည့် ကာလ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆဲကာလတွင် မြန်မာနိုင်ငံ၌ မမျှော်လင့်သည့် ပြဿနာများ၊ မျှော်လင့်ထားသည့် ပြဿနာများ၊ မပြီးပြတ်နိုင်သေးသော ပြဿနာများ အစရှိသဖြင့် ပြဿနာ ပေါင်း သောင်းခြောက်ထောင်တို့နှင့် ဘေးကျပ်နံကျပ် ရင်ဆိုင်နေရတာ သိကြပါရဲ့လား။မပြီးပြတ်သေးသော ငြိမ်းချမ်းရေးမျက်မှောက်ကာလ မြန်မာ့ပြည်တွင်းရေးကိုကြည့်လျှင် မပြီးပြတ်သေးသော ပြည်တွင်းငြိမ်းချမ်းမှုပြဿနာ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးပြဿနာ၊  မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ပေါ်လာခဲ့သည့် အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ပွဲများ၊ ယခုနောက်ဆုံး မြန်မာ့အချုပ်အခြာအာဏာ ပိုင်စိုးမှုနှင့် ဆက်နွှယ်လာသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတိုက်ပွဲများ စသည့်ဖြစ်စဉ်တို့ ဆင့်ကာဆင့်ကာ ပေါ်ထွက်လာသည်ကို သတိထားမိကြပါသေးရဲ့လား။အလှည့်အပြောင်း ကာလလိုမည်သည့်ပြဿနာတွင်မဆို အကြောင်းရင်းခံ ရှိတတ်သည်မှာ သဘာဝဖြစ်ပါတယ်။ အရေးကြီးသော အလှည့်အပြောင်းကာလ တစ်ရပ်၌ မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အထက်ပါ ပြဿနာများ၏ အကြောင်းရင်းခံများမှာ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် ပြည်သူပိုင်စနစ်၊ စစ်အာဏာရှင်စနစ်၊ ကိုယ်ကျိုးကြည့် နိုင်ငံရေးစနစ်နှင့် လွဲမှားသည့်နိုင်ငံရေး မူဝါဒများဖြစ်ကြောင်း သုံးသပ်နိုင်သည်မှာ တကယ်ပါ။ဒီမိုကရေစီ ထူထောင်ရေးစည်းကမ်းပြည့်ဝသော ဒီမိုကရေစီ တည်ထောင်ရေးတည်းဟူသော လမ်းစဉ်ကို တစ်ချိန်က တပ်မတော်ခေါင်းဆောင်များက ချမှတ်ခဲ့ပြီး ငါးနှစ်အကြာတွင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတော်၏ ဒီမိုကရေစီ အနာဂတ်ကို
ခေတ်ကာလကား ပြောင်းလဲခဲ့ပေပြီ။ မြန်မာနိုင်ငံသည်လည်း အရပ်ဘက် နိုင်ငံရေးကို အရပ်သားများကသာ ခန့်ခွဲခွင့်ရှိသည့် ဒီမိုကရေစီ စတုတ္ထလှိုင်း ဖြစ်စဉ်အတွင်း ပါဝင်နေပြီဖြစ်တယ် . . . . .

အဆုံးအဖြတ် ပေးနိုင်ဖွယ်ရှိသည့် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်နေပြီ ဆိုသည်မှာ ဖြစ်နိုင်ခြေ ရှိပါရဲ့လား။နိုင်ငံရေး သူငယ်နာရောဂါတစ်ချိန်တည်း၌ပင် အတိတ်ကာလ ပယောဂများနှင့် တပ်မတော်ဗဟိုပြု နိုင်ငံရေး သူငယ်နာ ကင်းစင်သေးပုံ မရသည့် မြန်မာနိုင်ငံ အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် အပြောင်းအလဲများစွာ လုပ်ဆောင်နိုင်ရန် လိုအပ်နေဆဲ ဖြစ်သည်မှာ တကယ်ပါ။၂၀၀၈ ဖွဲ့စည်းပုံအမှားဒီမိုကရေစီနိုင်ငံအဖြစ် စတင်လျှောက်လှမ်းရသည့်ကာလ လေးနှစ်ကျော်ပြီဖြစ်သည့်တိုင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် တပ်မတော်မှာ နိုင်ငံရေးသြဇာ ကြီးမားဆဲ၊ ခရိုနီ အရင်းရှင်စနစ်လည်း ရှင်သန်အားကောင်းဆဲ၊ အလားတူ အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်နေသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများမှာလည်း ကောက်ရိုးမီးသဖွယ် တငွေ့ငွေ့ လောင်ကျွမ်းနေဆဲပင် ဖြစ်ပါသည်။စစ်အာဏာရှင်စနစ်စနစ်ဆိုး ဆိုရပါလျှင် အထက်ပါ ပြဿ နာများ၏ အဓိက အကြောင်းရင်းခံမှာ စစ်အာဏာရှင် စနစ်ဆိုးဖြစ်သကဲ့သို့ ယင်းပြဿ နာများကို ကျော်လွှားနိုင်ရေးအတွက် အဖြေမှာလည်း တပ်မတော်၏ ရပ်တည်ချက် အပြောင်းအလဲသာ ဖြစ်တယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ကံကြမ္မာသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မည်သူ အနိုင်ရမည်လဲဟူသော အချက်အပေါ်တွင် မူတည်ခြင်းမရှိဘဲ တပ်မတော်၏ ရပ်တည်ချက် အပြောင်းအလဲပေါ်တွင်သာ မူတည်ကြောင်း ၂၅ ရာခိုင်နှုန်း စစ်ဝန်ထမ်းများ လွှတ်တော်တွင် ရှိနေသေးကြောင်း ပြည်သူတို့က ကြိုတင်မြင်နေပါတယ်။ မဖြစ်စေလိုတာ တကယ်ပါ။မူလတာဝန် ထမ်းဆောင်စေလိုခေတ်ကာလကား ပြောင်းလဲခဲ့ပေပြီ။ မြန်မာနိုင်ငံသည်လည်း အရပ်ဘက် နိုင်ငံရေးကို အရပ်သားများကသာ ခန့်ခွဲခွင့်ရှိသည့် ဒီမိုကရေစီ စတုတ္ထလှိုင်း ဖြစ်စဉ်အတွင်း ပါဝင်နေပြီဖြစ်တယ်။ သို့ဖြစ်ရာ တပ်မတော် အနေဖြင့် မူလတာဝန်ဖြစ်သော နိုင်ငံတော် ကာကွယ်ရေး တာဝန်ကိုသာ အဓိကရယူ၍ အရပ်ဘက်နိုင်ငံရေး လောကနှင့် ကတ္တားခြားသင့်ပြီဖြစ်ကြောင်း ကျွန်တော်ထင်မြင် ယူဆမိသည်ကို ခွင့်လွှတ်ပါရန်။ ဒုက္ခရောက်နေသည့် တပ်မတော်သားများ ဒုက္ခမှ ကင်းဝေးကာ ကျန်းမာကြပါစေ။ တိုင်းပြည်၏ ကာကွယ်ရေးကိစ္စ လုပ်ငန်းကိုသာ အောင်အောင်မြင်မြင် တာဝန်ယူသွားကြပါဟု ကျွန်တော် အကြံပြုလိုက်ပါရစေ ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ကြီး စစ်သားအပေါင်းတို့ ခင်ဗျား။

Most Read

Most Recent