မြန်မာ့စီးပွားရေး ပြင်ပရိုက်ခတ်မှုများကို ခံနိုင်ရည်ရှိစေရန် နိုင်ငံတကာ သီးသန့်အရန်ငွေ ကြားခံ တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် အရှင်မျှော်ငွေလဲနှုန်း စနစ်ကို ဆက်လက်ထိန်းသိမ်းထားရေးမှာ များစွာ အရေးကြီးနေကြောင်းနှင့် ဗဟိုဘဏ် အနေဖြင့် ငွေသား အပိုအလျှံများကို ထိန်းသိမ်းနိုင်ရန်အတွက် သီးသန့်အရန်ငွေသား လိုအပ်ချက်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ထိန်းညှိ သတ်မှတ်ခြင်းနှင့် အပ်ငွေလေလံပွဲများ ဆက်လက်လုပ်ဆောင်ခြင်းတို့ အပါအဝင် ၎င်း၏ ငွေကြေးမူဝါဒ လက်နက်ဖြင့် ထိထိရောက်ရောက် လုပ်ဆောင်ရန် လိုအပ်နေကြောင်း၊ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ထုတ်ပြန်လိုက်သော IMF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။အလားတူ နိုင်ငံခြား ငွေကြေးဈေးကွက် ပိုမိုတွင်ကျယ်လာစေရန် နိုင်ငံခြားငွေ လေလံပွဲနှင့် ဘဏ်အချင်းချင်း နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်ရေးတို့တွင် နိုင်ငံပိုင်ဘဏ်များ ပါဝင်လာအောင် တွန်းအားပေးသင့်ကြောင့် ဖော်ပြထားပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်တွင် စတင်မိတ်ဆက်ခဲ့သည့် အစိုးရငွေတိုက် စာချုပ်များ လေလံတင် ရောင်းချခြင်းမှာလည်း ငွေကြေးဖောင်းပွမှုကို ရှောင်ရှားနိုင်ရန် လုပ်ဆောင်သည့် လိုငွေဖြည့်ဆည်းမှု နည်းလမ်းတစ်ခု ဖြစ်ကြောင်းနှင့် ယင်းနည်းလမ်းသည် ဘဏ္ဍာရေးဈေးကွက် ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။“ဘဏ္ဍာရေးကဏ္ဍမှာ လုပ်ငန်းစဉ်တွေ တိုးတက်ဖြစ်ထွန်းနေတာ တွေ့ရပါတယ်။ IMF အနေနဲ့တော့ ငွေကြေးဆိုင်ရာ ကြီးကြပ်မှု လုပ်ငန်းတွေ ခိုင်မာတိုးတက်လာတာကို ကြိုဆိုပါတယ်။ မကြာခင် ပြည်ပဘဏ်တွေ ဝင်လာတော့မှာ ဖြစ်တဲ့အတွက် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဘဏ်တွေအားလုံး အပေါ်မှာ တပြေးတညီတည်း ကျင့်သုံးဖို့ အရေးကြီးပါတယ်။ ဗဟိုဘဏ် အနေနဲ့ အရင်းအနှီးမှာ အလွန်အကျွံ စီးဝင် စီးထွက်ခြင်းတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေလည်း ရှာဖွေဖို့ လိုအပ်ပါတယ်။ အလွန်အကျွံ စွန့်စားပြီး နိုင်ငံခြားငွေနဲ့ ငွေထုတ်ချေးတာမျိုးတွေကို တားဆီးနိုင်မယ့် စည်းမျဉ်းစည်းကမ်းတွေလည်း လိုအပ်နေပါတယ်။ risk ကို အနိမ့်ဆုံး လျှော့ချနိုင်ဖို့အတွက် လိုသလို လိုင်စင်အသစ်တွေ ထုတ်ပေးခြင်းတွေ အပေါ်မှာလည်း သတိကြီးကြီးနဲ့ ထိန်းချုပ်သင့်ပါတယ်” ဟု IMF မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။အလားတူ IMF အနေဖြင့် မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုများအား အစိုးရနှင့် နီးနီးကပ်ကပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အလားတူ နည်းပညာ အထောက်အပံ့နှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့များနှင့် အခြား အဖွဲ့အစည်းများ၏ ပွင့်လင်းသော အမြင်ချင်း ဖလှယ်မှုများကိုလည်း နွေးထွေးပျူငှာစွာ လက်ခံကြောင်း ဖော်ပြထားသည်။မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရာတွင် နည်းလမ်းတစ်ခုဖြစ်သည့် အစိုးရငွေတိုက် လက်မှတ်များကို မကြာခင်က ရောင်းချခဲ့ကြောင်းနှင့် လက်ရှိတွင် သုံးလသက်တမ်းရှိ အစိုးရ ငွေတိုက်လက်မှတ်များကို ကျပ် ၅၀ ဘီလျံဖိုး လေလံစနစ်ဖြင့် ပုဂ္ဂလိကဘဏ်များကို စတင်ရောင်းချမှုအား ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရရှိသော သတင်းများအရ သိရသည်။“ငွေတိုက်လက်မှတ်တွေ ရောင်းချတယ်ဆိုတာ နိုင်ငံတော်ကနေ ပြည်သူဆီက ငွေချေးလိုက်တာပါ။ တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှု မရှိအောင် တားဆီးတာပါ။ ကျွန်တော်တို့လို အကူးအပြောင်းကာလကို ဖြတ်သန်းနေတဲ့ နိုင်ငံတွေမှာတော့ စီးပွားရေး တိုးတက်လာတာနဲ့အမျှ ငွေကြေးဖောင်းပွမှုက လိုက်လာတတ်တဲ့အတွက် ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားခဲ့ကြောင်း သိရသည်။လေလံစနစ်ဖြင့် ရောင်းချမှုကို မြန်မာ့စီးပွားရေးဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီဘဏ်နှင့် နေပြည်တော် စည်ပင်ဘဏ်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဧရာဝတီဘဏ်က အတိုးနှုန်း ၈ ရာခိုင်နှုန်းဖြင့် ကျပ်နှစ်ဘီလျံ၊ မြန်မာ့စီးပွားရေးဘဏ်မှ ကျပ် ၂၀ ဘီလျံကို ဝယ်ယူခဲ့ကြောင်း၊ လေလံစနစ်ဖြင့် ယင်းကဲ့သို့ အစိုးရငွေတိုက် စာချုပ်များ ရောင်းချမှုကို အာရှဖွံ့ဖြိုးရေးဘဏ်နှင့် IMF တို့က နည်းပညာများ ကူညီပေးထားကြောင်း သိရှိရသည်။
ဗဟိုဘဏ် အနေဖြင့် ငွေသားအပိုအလျှံများ ထိန်းထားနိုင်ရန်အတွက် သီးသန့်အရန်ငွေ လိုအပ်ချက်ကို ပြန်လည်ထိန်းညှိ သတ်မှတ်ခြင်းနှင့် အပ်ငွေလေလံပွဲများ လုပ်ဆောင်ရေး အပါအဝင် ၎င်း၏ ငွေကြေးမူဝါဒဖြင့် ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်