ကုန်သွယ်မှု လိုငွေပြခြင်းသည် မြန်မာငွေတန်ဖိုး ကျဆင်းခြင်း ဖြစ်ပေါ်စေပြီး ပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေကြောင်း လွှတ်တော် အစီရင်ခံစာတွင် သုံးသပ်ထား

ကုန်သွယ်မှု လိုငွေပြခြင်းသည် မြန်မာငွေတန်ဖိုး ကျဆင်းခြင်း ဖြစ်ပေါ်စေပြီး ပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေကြောင်း လွှတ်တော် အစီရင်ခံစာတွင် သုံးသပ်ထား
Published 15 February 2015

ကုန်သွယ်မှု လိုငွေပြခြင်းသည် မြန်မာငွေတန်ဖိုး ကျဆင်းခြင်းကို ဖြစ်ပေါ်စေပြီး ပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမ(၆)လပတ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် သုံးသပ်ဖော်ပြထားကြောင်း သိရသည်။အဆိုပါ အစီရင်ခံစာတွင် ကုန်သွယ်မှု လိုငွေပြခြင်းသည် မြန်မာငွေတန်ဖိုးကို ကျဆင်းခြင်းကို ဖြစ်ပေါ်စေပြီး ပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေသည့်အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို နှောင့်နှေးစေသဖြင့် သိသိသာသာ တိုးတက်လာသော ကုန်သွယ်မှု လိုငွေပြခြင်းကို ဈေးကွက်စီးပွားရေး နည်းလမ်းအရ ထိန်းကျောင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပေးထားကြောင်း သိရသည်။    ကုန်သွယ်မှု လိုငွေပြခြင်းကို ထိန်းကျောင်းနိုင်ရန်အတွက် နိုင်ငံတော်၏ ဘတ်ဂျက်ကို စိစစ်ခြင်းသည်လည်း အရေးကြီးကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲနေသော နိုင်ငံတော် အဖွဲ့အစည်းများ အနေဖြင့် ထုတ်လုပ်မှုကို အထောက်အကူ မပြုသော ပစ္စည်းများကို နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခြင်း မပြုလုပ်စေရန် လွှတ်တော်များမှ စိစစ်ကြပ်မတ်နိုင်သောကြောင့်ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကုန်သွယ်မှု လိုငွေပြခြင်းကို ထိန်းကျောင်းနိုင်ရန်အတွက် နိုင်ငံတော်၏ ဘတ်ဂျက်ကို စိစစ်ခြင်းသည်လည်း အရေးကြီးကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲနေသော နိုင်ငံတော် အဖွဲ့အစည်းများ အနေဖြင့် ထုတ်လုပ်မှုကို အထောက်အကူ မပြုသော ပစ္စည်းများကို နိုင်ငံခြားငွေဖြင့် . . . . .

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မကုန်မီ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄ ဒသမ ၂ ဘီလျံကျော် ရှိနေပြီး ယခင်ဘဏ္ဍာနှစ် တစ်ခုလုံး၏ ကုန်သွယ်မှုလိုငွေထက် ကျော်လွန်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ စာရင်းများအပေါ် တွက်ချက်မှုအရ သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၃၅၀၆ ဒသမ ၇၅၆ သန်း ရှိခဲ့ပြီး သွင်းကုန်အတွက် ဒေါ်လာ ၁၃၈၅၆ ဒသမ ၈၃၄ သန်း၊ ပို့ကုန်မှ ဒေါ်လာ ၉၆၄၉ ဒသမ ၉၂၂ သန်း ရရှိခဲ့ကြောင်း သိရသည်။ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၂၀၆ ဒသမ ၉၁၂ သန်း ရှိနေကြောင်း သိရသည်။ယခင်ဘဏ္ဍာနှစ် ၂၀၁၃-၂၀၁၄ တွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံသာ ရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုလိုငွေမှာ ယခင်ဘဏ္ဍာနှစ်ထက် များပြားနေကြောင်း သိရသည်။လက်ရှိ အစိုးရတက်လာပြီး ဘဏ္ဍာနှစ် လေးနှစ်အတွင်း လက်ရှိဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ အများဆုံးနှစ် ဖြစ်လာနိုင်ကြောင်း သိရသည်။တရားမဝင် ကုန်သွယ်မှုများကို တားဆီးအရေးယူနေခြင်း၊ ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများကို ဖြေလျှော့ပေးနေခြင်းများကြောင့် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ် အလားတူကာလ ကုန်သွယ်မှုထက် ပိုမိုရရှိနေကြောင်း သိရသည်။

Most Read

Most Recent