သပိတ်မှောက် ကျောင်းသားများကို ထောက်ခံကြောင်းနှင့် အစိုးရ အနေဖြင့် အကြမ်းဖက်မှုများ လုံးဝမပြုလုပ်ရန် အရပ်ဘက် အဖွဲ့အစည်း ၆၄ ဖွဲ့ တောင်းဆို

သပိတ်မှောက် ကျောင်းသားများကို ထောက်ခံကြောင်းနှင့် အစိုးရ အနေဖြင့် အကြမ်းဖက်မှုများ လုံးဝမပြုလုပ်ရန် အရပ်ဘက် အဖွဲ့အစည်း ၆၄ ဖွဲ့ တောင်းဆို
Published 27 January 2015
သက်မင်း

မန္တလေးမှ ရန်ကုန်သို့ သပိတ်မှောက် လမ်းလျှောက်မှုများ ပြုလုပ်နေသည့် အမျိုးသားပညာရေး ဥပဒေကို ဆန္ဒပြနေကြသော ကျောင်းသားများကို ထောက်ခံကြောင်းနှင့် အစိုးရအနေဖြင့် အကြမ်းဖက်မှုများ လုံးဝမပြုလုပ်ရန် အရပ်ဘက်အဖွဲ့အစည်း ၆၄ ဖွဲ့က တောင်းဆိုလိုက်သည်။အရပ်ဘက် အဖွဲ့အစည်း ၆၄ ဖွဲ့ပေါင်း၍ ပူးတွဲကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ယင်းကြေညာချက်တွင် အချက်ခြောက်ချက် ပါဝင်သည်။အသွင်ကူးပြောင်းရေးကာလ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုသည် တိုင်းပြည်အနာဂတ်အတွက် အလွန်အရေးကြီးကြောင်း၊ ဆွေးနွေးမှုပြုလုပ်ရန် ကျောင်းသားများ တောင်းဆိုခဲ့သော ရက် ၆၀ ကျော်လွန်ခဲ့ပြီ ဖြစ်သောကြောင့် ကျောင်းသားများသည် ပညာရေး ဥပဒေအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ပြန်လည်စတင်လာရာ ဇန်နဝါရီ ၂၀ ရက်မှစ၍ အခြားဒေသများတွင်လည်း အမျိုးသားပညာရေး ဥပဒေအပေါ် ဆန့်ကျင်သည့်
အသွင်ကူးပြောင်းရေးကာလ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုသည် တိုင်းပြည်အနာဂတ်အတွက် အလွန်အရေးကြီးကြောင်း၊ ဆွေးနွေးမှုပြုလုပ်ရန် ကျောင်းသားများ တောင်းဆိုခဲ့သော ရက် ၆၀ ကျော်လွန်ခဲ့ပြီ ဖြစ်သောကြောင့် ကျောင်းသားများသည် ပညာရေး ဥပဒေအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ပြန်လည်စတင်လာ . . . . .

လှုပ်ရှားမှုများ စတင်ဆောင်ရွက်လာပြီ ဖြစ်ကြောင်းနှင့် ကျောင်းသားများ တောင်းဆိုသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန် အချက် ၁၁ ချက်သည် နိုင်ငံ၏ အနာဂတ်ဒီမိုကရေစီ ပညာရေးစနစ်အတွက် အခြေခံပြီး အရေးပါသော အချက်များ ဖြစ်သည့်အလျောက် မိမိတို့ အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် အပြည့်အ၀ ထောက်ခံကြောင်း ကြေညာချက် ပထမသုံးချက်တွင် ဖော်ပြထားသည်။ဆက်လက်၍ ကျောင်းသားများ ပညာရေးဥပဒေအပေါ် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်နေစဉ်ကာလ နေ့ခင်းဘက် ကျောင်းသားလှုပ်ရှားမှုများ ပြုလုပ်နေစဉ် အချိန်တွင် ဖြစ်စေ၊ အများပြည်သူ မမြင်သာသည့် ကျောင်းသားများ အနားယူစဉ် ညအချိန်များတွင် ဖြစ်စေ အစိုးရ အာဏာပိုင်များ အနေဖြင့် မည်သည့် နည်းလမ်းဖြင့်မျှ အကြမ်းဖက်မှုများ လုံး၀ (လုံးဝ) မပြုလုပ်ရန် အထူးတိုက်တွန်း တောင်းဆိုကြောင်း၊ အစိုးရနှင့်လွှတ်တော် အနေဖြင့် ကျောင်းသားများနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ အမြန်ဆုံးပြုလုပ်၍ ပညာရေးဥပဒေအား ပြင်ဆင်ရေးကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများ အထူးသဖြင့် ပညာရေးကဏ္ဍနှင့် လူငယ်ရေးရာကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်နေသော အဖွဲ့အစည်းနှင့် အစိုးရများ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီ တစ်ခုခုဖြစ်စေ နှစ်ခုလုံးဖြစ်စေ ပံ့ပိုးနေသော အဖွဲ့အစည်းများနှင့် အစိုးရများ အနေဖြင့်လည်း အမျိုးသားပညာရေး ဥပဒေကို ဒီမိုကရေစီ စံညွှန်းများနှင့် ကိုက်ညီသော ဥပဒေတစ်ရပ်အဖြစ် ပြန်လည်ပြင်ဆင်နိုင်ရေးကိုသာ ဦးစားပေးသည့် စစ်မှန်ပြီး ထိရောက်သော အကူအညီများပေးရန်၊ မြန်မာနိုင်ငံ အစိုးရနှင့် လွှတ်တော်တို့အား ကျောင်းသားများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဖြစ်ပေါ်လာရေး တိုက်တွန်းကြရန် လေးလေးနက်နက် တင်ပြအပ်ကြောင်း နောက်ဆုံးသုံးချက်တွင် ရေးသားထားသည်။        

Most Read

Most Recent