ရန်ကုန်မြို့တွင် ဖွင့်လှစ်ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အလုံးရေ ၂၀ ရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက်ပေါင်း ၃၀၄၇ ခန်း ရှိလာ

ရန်ကုန်မြို့တွင် ဖွင့်လှစ်ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အလုံးရေ ၂၀ ရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက်ပေါင်း ၃၀၄၇ ခန်း ရှိလာ
Published 13 January 2015
ချမ်းမြေ့သူ

ရန်ကုန်မြို့တွင် ဖွင့်လှစ်ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အလုံးရေ ၂၀ ရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက်ပေါင်း ၃၀၄၇ ခန်းအထိ ရှိလာကြောင်း သိရသည်။တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရန်ကုန်မြို့ အပါအဝင် မန္တလေး၊ ပုဂံ၊ ကော့သောင်း၊ တာချီလိတ်နှင့် မြိတ်တို့တွင် ဖွင့်လှစ်ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အလုံးရေ ၃၁ လုံးရှိပြီး ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားမြှုပ်နှံမှု ဟိုတယ်အရေအတွက်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။၂၀၁၄ ခုနှစ် နိုဝင်ဘာလကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ပြည်ပနိုင်ငံများက လာရောက်မြှုပ်နှံထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၁၉၀၄ သန်းကျော်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ပြီးပါက ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းများတွင် ရာနှုန်းပြည့် နိုင်ငံခြားမြှုပ်နှံမှုအရ ဖြစ်စေ၊ နိုင်ငံသားလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ဖက်စပ်နိုင်ငံခြား မြှုပ်နှံမှုအရဖြစ်စေ မြှုပ်နှံလျက်ရှိကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကမ္ဘာအေးဘုရား လမ်းမပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သည့် ဟိုတယ်နှင့် အခြားအဆောက်အအုံများ ပါဝင်သည့် စီမံကိန်းကို ယခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။ရန်ကုန်မြို့အပြင် ဒေသအလိုက် ဖွင့်လှစ်ခွင့်ပြုထားသည့် လိုင်စင်ရ နိုင်ငံခြားမြှုပ်နှံမှု ဟိုတယ်များမှာ မန္တလေးတွင် လေးလုံး၊ ပုဂံတွင် တစ်လုံး၊ ကော့သောင်းတွင် နှစ်လုံး၊ တာချီလိတ်တွင် သုံးလုံးနှင့် မြိတ်တွင် တစ်လုံး အသီးသီး ဖွင့်လှစ်ထားပြီး ဒေသခြောက်ခုတွင် ဖွင့်လှစ်ထားသည့် ဟိုတယ်များတွင် အသုံးပြုနိုင်သည့် အခန်းအရေအတွက်ပေါင်း ၄၄၁၇ ခန်းရှိကြောင်း သိရသည်။

Most Read

Most Recent