မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ တရားမဝင် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ တရားမဝင် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ
Published 9 January 2015
အောင်ရဲကို

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တရားမဝင်ကုန်သွယ်မှုတား ဆီးထိန်းချုပ်ရေးအဖွဲ့မှ မော်တော်ယာဉ်များ ကိုစစ်ဆေးနေစဉ် ၁ဝဝ၂ ဒသမ ၇၈ ကီလို ဂရမ်ရှိသည့် ကျောက်စိမ်းတုံး ၁၈ တုံးအား တွေ့ရှိဖမ်းဆီးခဲ့သည်။
ယင်းဖမ်းဆီးမှုမှာ ယခုလ ၄ ရက်က ဖြစ်ပွားခဲ့ပြီး တန်ဖိုးအားဖြင့် သိန်း ၁ဝဝဝ ကျော်ရှိသည်ဟု ခန့်မှန်းထားကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးရမိသည့် ကျောက်စိမ်းများနှင့်အတူ ယာဉ်ကိုပါသိမ်းဆည်းထားပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် နေသည်ဟု သိရသည်။
၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂၃ ရက်အထိ ကျောက်စိမ်း၊ သစ်နှင့် သမင်ချိုများ မန္တလေးမြို့ ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်း မန္တလေးမြို့မှ လာရှိုး၊ မူဆယ် ဘက်သို့ သွားရောက်မည့်ယာဉ်များပေါ်မှ  ကျောက်စိမ်း ၈၅၄ ကီလိုဂရမ်၊ ကျောက်စိမ်းတုံးငယ်များနှင့် လက်ကောက်ကွင်းများ အကောက်ခွန်အဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါအမှုများကို အကောက်ခွန်ဦး စီးဌာနမှတည်ဆဲ အကောက်ခွန်ဥပဒေဖြင့် အရေးယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရမိမှုသည့် တရားမဝင်ကုန်ပစ္စည်းများမှာ တရုတ်နှင့်ထိုင်းနိုင်ငံသို့ တင်ပို့ခြင်း၊ တင်သွင်းခြင်းတို့မှ ရရှိမှုအများဆုံးဖြစ်ပြီး ကျပ်သန်းရာနှင့်ချီရှိကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ ၏ ထုတ်ပြန်မှုအရ သိရသည်။
တရားမဝင်ကုန်သွယ်မှု တားဆီးရေးအဖွဲ့ (Mobile Team) များမှ ဘဏ္ဍာနှစ် လေးနှစ်အတွင်း ကျပ်ခြောက်ဘီလျံနီးပါး တန်ဖိုးရှိ ကျောက်မျက်/ကျောက်စိမ်း၊ သစ်မျိုးစုံ၊ ဟန်းဆက်စသည့် ပစ္စည်းများဖမ်းဆီးခဲ့ပြီး ကျောက်စိမ်း/ကျောက်မျက် ဖမ်းဆီးမှုမှ ကျပ်လေးဘီလျံနီးပါး ရရှိခဲ့ခြင်းဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ သိရသည်။
၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် (ဇွန်လအထိ) အတွင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့များမှ ဖမ်းဆီးရမိသည့် ပစ္စည်းများ၏တန်ဖိုးမှာ ကျပ် ၅၉၂၅ ဒသမ ၆၄၂ သန်း (ခြောက်ဘီလျံနီးပါး) ရှိကြောင်း သိရသည်။ ယင်းပမာဏတွင် ကျောက်စိမ်း/ကျောက်မျက်ဖမ်း ဆီးရမိမှုမှာ တန်ဖိုးအားဖြင့် ကျပ် ၃၉၂၉ ဒသမ ၆၄၆ သန်းရှိကြောင်း သိရသည်။
 
 
 

Most Read

Most Recent