အသက် (၁၉)နှစ်အရွယ် စပိန်ကွင်းလယ်လူ ဂါဗီဟာ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းတွေအတွက် အဓိကကစားသမားအဖြစ် ကစားနေသူဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာပဲ ဂါဗီက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ပွဲ(၁ဝဝ)ကျော် ကစားပေးထားသလို လက်ရွေးစင်အသင်းမှာလည်း (၂၃)ပွဲ ကစားထားပြီး လက်ရှိ Golden Boy ဆုရှင်လည်းဖြစ်ပါတယ်။ ပတ်ဒရီ၊ ဒီယွန်းတို့ မကစားနိုင်ချိန်မှာ ဘာစီလိုနာကွင်းလယ်ကို အဓိကမောင်းနှင်နေတဲ့ ဂါဗီကို စပိန်သတင်းစာ La Vanguardia က အင်တာဗျူးပြုလုပ်ခဲ့ပါတယ် . . .















