အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)က ရန်ကုန်-ဘန်ကောက်-ရန်ကုန် ကုန်တင်လေယာဉ်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းလျက်ရှိ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)က ရန်ကုန်-ဘန်ကောက်-ရန်ကုန် ကုန်တင်လေယာဉ်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းလျက်ရှိ
Published 9 October 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)က ရန်ကုန်-ဘန်ကောက်-ရန်ကုန် ကုန်တင်လေယာဉ်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့်စနေနေ့ များတွင် ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)က My Indo လေကြောင်းလိုင်း နှင့်ပူးပေါင်း၍လေကြောင်း ကုန်စည် သယ်ယူပို့ဆောင်ရေးကဏ္ဍဆောင်ရွက်ရန် Boeing 737 ကုန်တင်လေယာဉ်ဖြင့် ခရီးစဉ်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)က မြန်မာနိုင်ငံလေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရန် Boeing 737 ကုန်တင်လေယာဉ်သည် စက်တင်ဘာ ၁၃ ရက်က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

(MAI)သည်  My Indo လေကြောင်း လိုင်း(2Y)နှင့် ACMI စနစ်ကို အခြေခံကာ အကျိုးတူပူးပါင်း၍အဆိုပါ ကုန်တင်လေ ယာဉ်ကို ပျံသန်းပြေးဆွဲသွားမည်ဟု ဆိုသည်။

Boeing 737 ကုန်တင်လေယာဉ်  စတင်မိတ်ဆက်မှုသည် လေကြောင်းလိုင်း၏ ကတိကဝတ်ဖြစ်သည့် လေကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို တိုးမြှင့်ခြင်း၊ ကုန်စည်စီးဆင်းမှုမှတဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးခြင်းနှင့် နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်းများသို့ ချိတ်ဆက်ပေးခြင်းတို့အတွက် အထောက်အပံ့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံနဲ့ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းများ၊ ပြည်သူများရဲ့ လိုအပ်ချက်များကို အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်ရန် အတွက် ကျွန်တော်တို့ကအစဉ်အလေးထား ကြိုးပမ်းလျက်ရှိပါတယ်။ ယခုကဲ့သို့ နိုင်ငံတွင်းတွင် အကြီးဆုံးဖြစ်လာမည့် Boeing 737 ကုန်တင်လေယာဉ်၏ ဝမ်းဗိုက်အတွင်းတွင် ပိုမိုများပြားသော ကုန်စည်များတင်ဆောင်နိုင်မှု၊ ကုန်စည်ထုထည် အရွယ်အစား မျိုးစုံနှင့် အမျိုးအစားအစုံကို သယ်ယူပို့ ဆောင်နိုင်မှုများကို မိတ်ဆက်ပေးခြင်းသည် ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ လေကြောင်းကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍအား မြှင့်တင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရာမှာ သိသာထင်ရှားတဲ့ ခြေလှမ်းသစ်တစ်ခုပဲဖြစ်ပါတယ်။ (MAI) မှ ကျွန်တော်တို့ရဲ့ မိတ်ဖက်လုပ်ငန်းရှင်များကို ယခုကုန်တင်လေယာဉ်ရဲ့ ကုန်စည်သယ်ယူပို့ဆောင်နိုင်မှုများကို လေ့ လာအသုံးပြုနိုင်ဖို့ ဖိတ်ခေါ်ပါတယ်”ဟု (MAI) ၏ Chief Commercial က ပြောကြားသည်။

(MAI)၏ Boeing 737 ကုန်တင်လေယာဉ်သည် ပင်မကုန်းပတ်တွင် ကုန်စည်တင်ရန် Pallet ရှစ်ခုပါရှိသောကြောင့် Palletizecargo များနှင့် ထုထည်အရွယ်အစားကြီးမားသော ကုန်ပစ္စည်းများ၊ အန္တရာယ်ရှိသော ကုန်ပစ္စည်းများအပါအဝင် ကုန်စည်အမျိုးအစားစုံကို ၁၅ တန်အထိ သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က မြန်မာနိုင်ငံရဲ့ စီးပွားရေးစနစ်မှာ လွန်စွာအရေးပါတဲ့ ကုန်စည်သယ်ယူပို့ ဆောင်မှုများအတွက် အထူးသီးသန့်ကုန်တင်လေယာဉ်ကို တင်သွင်းပေးနိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းအတွေ့အကြုံတွေ၊ တိုးချဲ့ထားတဲ့ ကုန်စည်သယ်ဆောင်နိုင်မှုပမာဏနဲ့အဆင့်မြှင့်တင်ထားတဲ့ ကုန်စည်သယ်ယူပို့ ဆောင်ရေးနည်းစနစ်တွေက လေကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များနဲ့ ကိုက်ညီစွာ ပိုမိုအထောက်အကူပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု (MAI)၏ Head of Cargo & Ground Operations ဦးသန့်စင်က ပြောကြားခဲ့သည်။

(MAI) က ပြုလုပ်နေသည့် ၀ါဆိုစျေးရောင်းပွဲတွင် ဖူးခတ်၊ ဟနွိုင်း၊ ဟိုချီမင်း၊ ဖနွမ်းပင်နှင့်ချန်နိုင်းမြို့များသို့  ၉၉ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

(MAI) ကအဆိုပါမြို့များအား Full Service Experience, Inflight meal, Baggage allowance 40 kg for Bussiness Class,30 kg for Economy Class တို့ဖြင့် ပျံသန်းနေ ခြင်းဖြစ်သည်။

Most Read

Most Recent