ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်ရှိနေဟု သိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်ရှိနေဟု သိရ
Published 9 October 2023

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်း ကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်း ဝယ်သူများထံမှ သိရသည်။

သို့ရာတွင် ငွေလဲကောင်တာအချို့မှာ အရောင်းအဝယ် ပိတ်ထားကြောင်းစုံစမ်း သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာဝယ်ရောင်းစျေးက ၃၃၀၀ ကျော်မှာ ရှိနေပါတယ်။ Black Market မှာတော့ တစ်ဒေါ်လာ ၃၃၀၀ ကနေ ၃၅၀၀ ဝန်းကျင်ထိ ပြန်ရောင်းနေတယ်လို့သိရပါတယ်။  ပြင်ပစျေး ကွက်မှာကို ငွေလဲနှုန်းက ၃၃၀၀ ဝန်းကျင်မှာ တည်ငြိမ်နေတဲ့သဘောပေါ့။ ငွေလဲကောင်တာတွေကတော့ ဗဟိုဘဏ်စျေးနှုန်းနဲ့ပဲ ဖွင့်လှစ်နေတာများပါတယ်”ဟု နိုင်ငံခြားငွေကြေးရောင်း ဝယ်သူတစ်ဦးက ဆိုသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၃ ခု နှစ်အောက်တိုဘာ ၆ ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ ၃၅၄၅ ကျပ်၊ စင်ကာပူဒေါ်လာ ၂၄၄၀ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၇၂၀၊ ထိုင်းဘတ် ကျပ် ၉၂၊ တရုတ်ယွမ် ၄၆၅ ကျပ်၊ ဂျပန်ယန်း ၂၃.၅ ကျပ်တို့ဖြစ်ကြောင်း သိရသည်။            

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရထိ ရောက်စွာအရေးယူမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent