ပို့ကုန်ရငွေများကို အာရှနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ၄၅ ရက်အတွင်းနှင့် အခြားနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ရက် ၉၀ အတွင်း ပို့ကုန်တင်ပို့သူ၏ဘဏ်စာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန် ထုတ်ပြန်

ပို့ကုန်ရငွေများကို အာရှနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ၄၅ ရက်အတွင်းနှင့် အခြားနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ရက် ၉၀ အတွင်း ပို့ကုန်တင်ပို့သူ၏ဘဏ်စာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန် ထုတ်ပြန်
Published 7 October 2023

ပို့ကုန်ရငွေများကို အာရှနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ၄၅ ရက်အတွင်းနှင့် အခြားနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ရက် ၉၀ အတွင်း ပို့ကုန်တင်ပို့သူ၏ဘဏ်စာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အာရှနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ  ၄၅ ရက်အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်းလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိပါကနိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၂ ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါသတ်မှတ်ချက်အရ ပို့ကုန်ရငွေ  ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း စီမံဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်ပပို့ကုန်တင်ပို့ ပြီးနောက် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေပေးသွင်းရန်ကျန်သည့် ကုမ္ပဏီစာရင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ပေးပို့ခြင်း၊ တစ်ချိန်တည်းတွင် သက်ဆိုင်ရာ AD ဘဏ်များသို့အကြောင်းကြားခြင်း၊ ကုန်သွယ်ရေးဦးစီးဌာနသည် အဆိုပါကုမ္ပဏီစာရင်းကို ပို့ကုန်ရငွေပြန်လည် ပေးသွင်းနိုင်ရေအတွက် UMFCCI သို့ ထပ်ဆင့်အကြောင်းကြားခြင်း၊ ကုန်သွယ်ရေးဦးစီးဌာနက ကုမ္ပဏီများသို့ အသိပေးအကြောင်းကြားပြီးနောက် ရက်သတ္တနှစ်ပတ်အတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ပိတ်သိမ်းခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ကြောင်း စာရင်းရှင်းလင်းပြီးသည့် ကုမ္ပဏီများစာရင်းကို ကုန်သွယ်ရေးဦးစီးဌာနသို့ အကြောင်းကြားလာပါက ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်မှတ်ပုံတင်ပြန်လည်ဖွင့်လှစ်ပေးခြင်းတို့ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ စာရင်းရှင်းလင်းမှုမရှိသည့် ကုမ္ပဏီများအား အထက်ပါအစီအမံအတိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ပိတ်သိမ်းပြီးသည့်တိုင် စာရင်းရှင်းလင်းမှုမရှိသည့်ကုမ္ပဏီများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂ -ကအရလည်း အရေးယူသွားမည်ဖြစ်သဖြင့်  ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း အပြီးပေးချေသွားကြရန် ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုးဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံ၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၆ ဘီလျံဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံ ရရှိရန်နှင့်ကုန်သွယ်မှုပိုငွေ ဒေါ်လာသန်း ၅၀၀ သာရှိရန် မျှော်မှန်းထားကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာ ရင်းဆိုင်ရာအချက်အလက်များအရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီ လျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀  ဒသမ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၇၃ ဘီလျံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ပမာဏဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်ပမာဏဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၄၈၉ ဘီလျံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

Most Read

Most Recent