မြန်မာနိုင်ငံ၏ အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန် လျှော့ချမှုအစီအစဉ် ထုတ်ပြန်

မြန်မာနိုင်ငံ၏ အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန် လျှော့ချမှုအစီအစဉ် ထုတ်ပြန်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 6 October 2023

မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ ဖြင့် ချိတ်ဆက်ထားသည့်  မြန်မာနိုင်ငံ၏ အာဆီယံ-ကိုရီးယားလွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်လျှော့ချမှုအစီအစဉ်ကို အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်နှုန်း ဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသော  လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ ဖြင့် ကူးပြောင်းချိတ်ဆက် ထားသည့် မြန်မာနိုင်ငံ၏ အာဆီယံ-ကိုရီးယားလွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်လျှော့ချမှုအစီအစဉ် (Myanmar’s Tariff Reducation Schedule With HS2022 Version under ASEAN-Korea Free Trade Area)ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ အကျိုး သက်ရောက်မည်ဖြစ်ကြောင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဋ္ဌာန၏ ၂၀.၄. ၂၀၂၀  ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၃/၂၀၂၀ ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အာဆီယံ-သြစတြေးလျ -နယူးဇီလန်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်း လျှော့ချမှုအစီအစဉ်ကို အမိန့်ကြော်ငြာစာအမှတ် ၄၅/ ၂၀၂၃ ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်နှုန်း ဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာ့အကောက်ခွန် နှုန်းစာရင်း ၂၀၂၂ ဖြင့် ကူးပြောင်းချိတ်ဆက် ထားသည့် မြန်မာနိုင်ငံ၏ အာဆီယံ- သြစတြေးလျ-နယူးဇီလန်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် (Myanmar’s AANZ Tariff Reducation Schedule in HS 2022)ကို ထုတ်ပြန်လိုက်သည်။

အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှစ၍ အကျိုးသက် ရောက်မည်ဖြစ်သည်။ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၅/၂၀၂၀ ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်ကြော်ငြာစာ အမှတ် ၄၄/၂၀၂၃ ဖြင့် မြန်မာနိုင်ငံ၏ အာဆီယံအကောက်ခွန်နှုန်း လျှော့ချ/ဖယ်ရှားမှုအစီအစဉ်ကိုလည် း ထုတ်ပြန်ထားသည်။

အာဆီယံဒေသတွင်း ကုန်ပစ္စည်း လွတ်လပ်စွာစီးဆင်းနိုင်ရေးအတွက် အာဆီယံကုန် စည်ကုန်သွယ်ရေးသဘောတူစာချုပ်အပိုဒ် ၁၉ ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်နှုန်းဥပဒေပုဒ်မ ၄ ပါ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍အာဆီယံစည်းဝါးညီအကောက်ခွန်နှုန်းအမည်ပေးစနစ် ၂၀၂၂ ဖြင့် ကူးပြောင်းချိတ်ဆက်ထားသော မြန်မာနိုင်ငံ၏အာဆီယံအကောက်ခွန်နှုန်းလျှော့ချ/ဖယ်ရှားမှုအစီအစဉ် (Myanmar’s ATIGA Tariff Reducation Schedule in AHTN 2022)ကို ထုတ်ပြန်လိုက်သည်။ အဆိုပါအမိန့်ကြော် ငြာစာသည် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent