ပြည်ပမှ တင်သွင်းမည့်သွင်းကုန်များအနက် ဦးစားပေးကဏ္ဍသုံးခု သတ်မှတ်ထားပြီး စက်သုံးဆီ၊ LPG Gas၊ ဆေး၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးမော်တော်ယာဉ်များ ပါဝင်

ပြည်ပမှ တင်သွင်းမည့်သွင်းကုန်များအနက် ဦးစားပေးကဏ္ဍသုံးခု သတ်မှတ်ထားပြီး စက်သုံးဆီ၊ LPG Gas၊ ဆေး၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးမော်တော်ယာဉ်များ ပါဝင်
Published 4 October 2023

ပြည်ပမှ တင်သွင်းမည့်သွင်းကုန်များအနက် ဦးစားပေးကဏ္ဍသုံးခုသတ်မှတ်ထားပြီး ယင်းဦးစားပေးကဏ္ဍများတွင် စက်သုံးဆီ၊ LPG Gas ၊ ဆေး၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးမော်တော်ယာဉ်များ စသည်တို့ ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပမှ တင်သွင်းမည့်သွင်းကုန်များအတွက် ဦးစားပေး(၁)တွင် ဆေး၊ ဆေးအထောက်အကူပစ္စည်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ စားသုံးဆီ၊ မျိုးစေ့၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်း၊ တိရစ္ဆာန်သုံးဆေးဝါး၊ စက်မှုကုန်ကြမ်း၊ ပလတ်စတစ်ကော်စေ့၊ စားသောက်ကုန်ကြမ်းများ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ ဆေးဝါး ကုန်ကြမ်းပစ္စည်းများနှင့် ပရဆေးကုန်ကြမ်း၊ Packing Materials၊ စက်ဆီ၊ ချောဆီနှင့်  အခြားစက်မှုသုံးဆီများ၊ ကတ္တရာ၊ LPG Gas တို့ ပါဝင်သည်။

ဦးစားပေး(၂)တွင် သံနှင့် သံမဏိပစ္စည်း များ၊ Paper & Stationary၊ လျှပ်စစ်ဓာတ်အားထုတ်၊ လွှတ်၊ ဖြန့်ပစ္စည်းများ၊ Construction Materials၊ Machine & Spare Parts၊ တာယာနှင့်ရော်ဘာထုတ်ကုန်ပစ္စည်းများ၊ အပိုပစ္စည်းများ (ယာဉ်၊ စက်၊ ဆက်သွယ်ရေးပစ္စည်းများ) ပါဝင်သည်။

ဦးစားပေး(၃)တွင် Electronic Goods၊ Electrical Goods၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးသုံးပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးမော်တော်ယာဉ်နှင့် ယန္တရားများ ပါဝင်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ ဒသမ ၁၀ သန်း၊ စင်ကာပူမှဒေါ်လာ ၂၆၀၄ ဒသမ၂၂ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၉၈၀ ဒသမ ၈၉ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၁၆၄ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၈၇ ဒသမ ၃၄ သန်း၊ အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၃၈၆ ဒသမ ၅၄ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၃၇၆ ဒသမ ၈၅ သန်း၊ ဗီယက်နမ် နိုင်ငံမှ ၅၈ သန်း၊ ဂျပန်နိုင်ငံမှဒေါ်လာ ၃၅၂ ဒသမ ၄၆ သန်းနှင့် အမေရိကန်မှ ဒေါ် လာ၂၂၇ ဒသမ ၃၂သန်းတင်သွင်းထားသည်။

Most Read

Most Recent