အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို မင်္ဂလာလေကြောင်း ဝန်ဆောင်မှုကုမ္ပဏီလီမိတက် (MINGALAR A VIATION SERVICES Co.Ltd) အား လုပ်ကိုင်ခွင့်ပြု

အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို မင်္ဂလာလေကြောင်း ဝန်ဆောင်မှုကုမ္ပဏီလီမိတက် (MINGALAR A VIATION SERVICES Co.Ltd) အား လုပ်ကိုင်ခွင့်ပြု
Published 4 October 2023

အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို မင်္ဂလာလေကြောင်းဝန်ဆောင်မှု ကုမ္ပဏီလီမီတက် ((MINGALAR A VIATION SERVICES Co.Ltd) အား လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယခုအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအား လုပ်ပိုင်ခွင့် အပ်နှင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Terminal 1 နှင့် Terminal 3 လေဆိပ် အဆောက်အအုံများအတွင်းသို့ ခရီးသည်များအား လိုက်ပါပို့ဆောင်/ကြိုဆိုမည့်ဧည့်သည်များအား ဝင်ခွင့်ကတ်ပြားဖြင့် ဝင်ရောက်ခြင်းအား ပြန်လည်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Terminal 3  အား အသုံးပြုကြသော လေဆိပ် ဝန်ဆောင်မှု အသုံးပြုသူ(ဆိုက်ရောက်/ထွက်ခွာ) ခရီးသည်များ၏ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအား လေဆိပ် အ ဆောက်အအုံ ပရဝဏ်အတွင်းသို့  ဝင်ရောက် ပို့ဆောင်/ကြိုဆိုခြင်းအား စက်တင်ဘာ ၂၈ ရက်မှ စတင်ကာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လေဆိပ်အတွင်းသို့ ဝင်ရောက်ရာ တွင် ခရီးသည်များအနေဖြင့် တရားဝင် ခရီးသွား စာရွက်စာတမ်း အပြည့်အစုံဖြင့် ဂိတ်အ မှတ် ၁၊ ၂  နှင့် ၄ မှတဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး၊ လိုက်ပါပို့ဆောင်/ကြိုဆိုကြသော မိသားစု ဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် သက် ဆိုင်ရာ တာဝန်ကျဝန်ထမ်းများမှာ ဂိတ်အ မှတ် ၂ မှတစ်ဆင့်သာ ဝင်ရောက်ခွင့်ရရှိမည် ဖြစ်သည်။

လိုက်ပါပို့ဆောင်/ကြိုဆိုမည့် ဧည့် သည်များအနေဖြင့် ဂိတ်အမှတ် ၂ အနီးရှိ  Registration Areaတွင် ဝင်ရောက်ခွင့် ကတ် ပြားအတွက် စာရင်းပေးသွင်းရမည်ဖြစ်သည်။

လေဆိပ်အတွင်းမှ ပြန်လည်ထွက်ခွာ ရာတွင် ဝင်ရောက်ခွင့် ကတ်ပြားဖြင့် အ ဆောက် အအုံအတွင်း ဝင်ရောက်ပြီးဖြစ် သော ဧည့်သည်များအနေဖြင့် ဂိတ်အမှတ် ၃ မှ ပြန်လည်ထွက်ခွာပြီး ကတ်ပြားအား ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်းသိရ သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ခရီးသွားများအတွက် ဘေးကင်းလုံခြုံ စိတ်ချမှုရှိစေသော လေဆိပ်အသုံးပြုမှုအ တွေ့ အကြုံကောင်းများ ဖြစ်စေနိုင်ရန်အတွက် သက်ဆိုင်ရာ လုံခြုံရေးအစီအမံများအား ပုံ မှန်အတိုင်းထားရှိမည်ဖြစ်ရာ လိုက်ပါ ပို့ ဆောင်သူ/ကြိုဆိုကြသူ ဧည့်သည်များအနေ ဖြင့် သက်ဆိုင်ရာလုံခြုံရေး စစ်ဆေးမှုများခံယူ ရမည်ဖြစ်ပြီး လေဆိပ်အဆောက်အအုံအ တွင်း ချမှတ်ထားသော စည်းကမ်းများအတိုင်း မိမိတို့၏ ဝင်ခွင့်ကတ်ပြားများကို တစ်ပါတည်း ချိတ်ဆွဲထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရ သည်။

Most Read

Most Recent