ပရီးမီးယားလိဂ်ရဲ့ မျက်မှောက်ခေတ်ပုစ္ဆာကတော့ မန်စီးတီးကို ဘယ်အသင်း ဖိအားပေးနိုင်မလဲ၊ ဂွါဒီယိုလာကို ဘယ်သူစိန်ခေါ်နိုင်မလဲဆိုတာသာ ဖြစ်ပါလိမ့်မယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်ဆုံး(၃)ရာသီဆက် ရယူထားပြီး ဂွါဒီယိုလာက မန်စီးတီးအသင်းကို ကိုင်တွယ်တဲ့(၇)ရာသီမှာ ချန်ပီယံဆု(၅)ကြိမ်ရယူပေးထားတာကြောင့် ဒီအသင်းနဲ့ ဒီနည်းပြဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေဖြစ် တယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီရာသီမှာလည်း သူတို့က ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဦးဆောင်လျက်ရှိနေပါတယ်။ ဒီတော့ ဖန်တစ်ရာတေနေတဲ့ ဇာတ်လမ်းဇာတ်ညွှန်းလို့ပဲဆိုဆို ဒီရာသီမှာလည်း မန်စီးတီးကို အဓိကစိန်ခေါ်ဖိအားပေးနိုင်မှာ ဘယ်အသင်းဖြစ်မလဲဆိုတဲ့ အကြောင်းအရာကိုပဲ စောင့်ကြည့်ရင်ခုန်ကြရဦးမှာပါ။ လောလောဆယ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာတော့ လီဗာပူးလ်အသင်းက (၂)မှတ်အကွာနဲ့ ရှိနေပါတယ်။ လီဗာပူးလ်က ပြီးခဲ့တဲ့ရာသီမှာ အံ့အားသင့်လောက်တဲ့ ခြေချော်မှားယွင်းမှုတွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရတဲ့အထိဖြစ်ခဲ့ပေမဲ့ ဒီရာသီမှာတော့ ခြေလှမ်းမှန်မှန်နဲ့ ပြန်လာနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။
■ ယာဂန်ကလော့ပ်ရဲ့ ပြေးလမ်းအမှန်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။