သောမတ်စ်တူဟယ်လ်က ပြီးခဲ့တဲ့ ဧပြီလထဲမှာ ဘိုင်ယန်မြူးနစ်နည်းပြအဖြစ် နာဂယ်စ်မန်းရဲ့နေရာမှာ အစားဝင်ခဲ့သူ ဖြစ်ပါတယ်။ သူရောက်လာပြီးနောက် အသင်းက ချန်ပီယံလိဂ်နဲ့ ဂျာမန်ပိုကယ်ဖလားတွေကနေ ထွက်ခဲ့ရပေမဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာတော့ နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ်ကစားပြီး ဂိုးကွာခြားချက်ကြောင့် (၁၁)ကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့ပါတယ်။ နည်းပြသက်တမ်းအတွင်း မိန့်ဇ်၊ ဒေါ့မွန်၊ PSG၊ ချယ်လ်ဆီးတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ တူဟယ်လ်က သူ့အတွက် ဘိုင်ယန်နည်းပြဘဝ ပထမဆုံးရာသီပြည့်ကို စတင်တာဝန်ယူနေတာဖြစ်ပါတယ်။ အသင်းရဲ့လက်ရှိအခြေအနေနဲ့ ရှေ့ဆက်မယ့် အနာဂတ်အကြောင်း တူဟယ်လ်ကို မေးမြန်းခဲ့ရာမှာတော့ . . .
■ "ကျွန်တော့်အသင်းက ပြိုင်ဘက်ကို အမြဲတမ်းစီးမိုးကစားပြီး အနိုင်ယူတာကို မြင်ချင်တယ်" - ဘိုင်ယန်မြူးနစ် နည်းပြ သောမတ်စ်တူဟယ်လ်နှင့် တွေ့ဆုံခြင်း
Photo: Getty Images