စက်တင်ဘာ ၂၉ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင် ၁၈၇၃ ဒေါ်လာဝန်းကျင်ရှိပြီး ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၀၆၆၀၀ ဝန်းကျင် စျေးသတ်မှတ်ခဲ့

စက်တင်ဘာ ၂၉ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင် ၁၈၇၃ ဒေါ်လာဝန်းကျင်ရှိပြီး ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၀၆၆၀၀ ဝန်းကျင် စျေးသတ်မှတ်ခဲ့
Published 29 September 2023

စက်တင်ဘာ ၂၉ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင် ၁၈၇၃ ဒေါ်လာဝန်းကျင်ရှိပြီး ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၀၆၆၀၀ ဝန်းကျင် စျေးသတ်မှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင် ၁၈၉၆ ဒေါ်လာဝန်းကျင်ရှိပြီး ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၃၃၇၀၀ ဝန်းကျင်စျေးသတ်မှတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်စက်တင်ဘာ ၂၆ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင် ၁၉၁၃ ဒေါ်လာဝန်းကျင်ရှိပြီး ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၅၃၇၀၀ ဝန်းကျင်စျေး သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်ဇူလိုင် ၁ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ်  ၂၂၆၀၈၀၀  ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့သည်။

မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ၉ရက်မြောက်အဖြစ် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၀၃၀၀၀၀ ဖြင့် ဇွန် ၃၀ ရက်က ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ်  ၂၂၈၅၅၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၂၃၀၀၀ ဝန်းကျင်ရှိခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာ ၁၀ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၁၁၀၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့်ခဲ့ပြီး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကာ အနိမ့်ဆုံးကျပ် ၃၁ဝဝဝဝဝနှင့် အမြင့်ဆုံးကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။

စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ်၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်းကျော် အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိ စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent