လူနာများထံမှ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံခြင်းမပြုရန် ပြည်တွင်းအခွန်အသိပေး

လူနာများထံမှ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံခြင်းမပြုရန် ပြည်တွင်းအခွန်အသိပေး
ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 26 September 2023

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းအချို့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံပေးချေငွေအပေါ် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း နုတ်ယူရမည့်အစား ဆေးကုသမှုခံယူသူလူနာများထံမှ ထပ်ဆောင်းကောက်ခံသည့်နည်းလမ်းအမှားကို ဆောင်ရွက်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ ငွေထုတ်ပေးရန် တာဝန်ရှိသူများအနေဖြင့် ဆေးကုသမှုခံယူသူများထံမှ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံခြင်းမပြုရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိ ပေးကြေညာထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင်  ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှရရှိသော ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေသည့်အစီအစဉ်အား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။ထိုသို့ဆောင်ရွက်ရေးအတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ ငွေထုတ်ပေးရန်တာဝန်ရှိသူများ၏ ဆောင်ရွက်ရမည့်တာဝန်များနှင့် အခွန် နုတ်ယူခြင်းခံရမည့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ ဆောင်ရွက်ရမည့်တာဝန်များကို အသိပေးကြေညာပြီးဖြစ်သည်။

သို့သော်လည်း အချို့သောပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများမှ ငွေထုတ်ပေးရန် တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ပေးချေမည့်ပေးချေငွေအပေါ် ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းနုတ်ယူရမည့်အစား ဆေးကုသမှုခံယူသူထံမှ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းကို ထပ်ဆောင်းကောက်ခံသည့်နည်းလမ်းအမှားကို ဆောင်ရွက်နေကြကြောင်း သိရှိရသည်ဟုထုတ်ပြန်ထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနက ဆောင်ရွက်သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ရရှိသောဝင်ငွေအပေါ် ငွေထုတ်ပေးချိန်၌  အခွန်နုတ်ယူပေးသွင်းစေသည့်အစီအစဉ်သည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ များ၏ဝင်ငွေအပေါ်တွင် ဝင်ငွေခွန်ကောက်ခံသည့်အစီအစဉ်သာဖြစ်သည်။

သို့ဖြစ်ပါ၍ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ ငွေထုတ်ပေးရန် တာဝန်ရှိသူများအနေဖြင့် ဆေးကုသမှုခံယူသူများထံမှ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းထပ်ဆောင်းကောက်ခံခြင်းအား လုံးဝဆောင်ရွက်ခြင်းမပြုကြရန် အသိပေးထားသည်။ထို့ပြင်ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်း ကျောင်းပညာလုပ်ငန်းသည် ကုန်သွယ်လုပ် ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားဖြစ်သဖြင့် ဆေးကုသမှုခံယူသူများထံမှ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံပေးသွင်း ရန် မလိုအပ်ကြောင်း အသိပေးထားသည်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတည် ထောင်ထားသူများအနေဖြင့်လည်း မိမိလုပ်ငန်းမှ ငွေထုတ်ပေးရန် တာဝန်ရှိသူများက အခွန်နုတ်ယူပေးသွင်းသည့်လုပ်ငန်းစဉ်များအား ဆောင်ရွက်ရာတွင် ပြဋ္ဌာန်းသတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပေးနိုင်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent