ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ရှိနေ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ရှိနေ
Published 25 September 2023

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ရှိနေကြောင်းနိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

သို့ရာတွင် ငွေလဲကောင်တာအချို့မှာ အရောင်းအဝယ်ပိတ်ထားကြောင်း စုံစမ်းသိရသည်။ “အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာဝယ်ရောင်းစျေးက ၃၄၀၀ ကျော်မှာ ရှိနေပါတယ်။ ခုနေ့လည်မှာတော့ တစ်ဒေါ်လာ ၃၄၆၀ ကျပ်ဝန်းကျင်နဲ့ပြန်ရောင်းနေတာကို တွေ့ရပါတယ်”ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

စက်တင်ဘာ ၂၅ ရက် ညနေပိုင်း ပြင်ပစျေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၅ သိန်းအောက်သို့ရောက်ရှိ၊ ထိုင်းဘတ်စျေး ၉၅ ကျပ်ဝန်းကျင်၊ မလေးရှား ၇၂၀  ဝန်းကျင်၊ တရုတ်ငွေ ၄၅၀ ဝန်းကျင်တွင်ရှိနေကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်တွင် ရွှေနှင့်ငွေစျေးကွက် အနည်းငယ်ပြန်လည် ကျဆင်းလာခဲ့သည်ဟု သိရပြီး ထိုင်း ဘတ်စျေးအနေဖြင့် ဘတ်ပေး ကျပ်ယူ ၁၀၆၀ (တစ်သိန်း)၊ ကျပ်ပေးဘတ်ယူ ၁၀၄၀ (တစ်သိန်း) ဝန်းကျင်ထိ ပြန်လည်ကျဆင်းလာခဲ့သည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent