စပိန်လာလီဂါပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 24 September 2023

ဆိုစီဒက် - ဂီတာဖေး (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ပြီးခဲ့တဲ့ပွဲစဉ် (၅)မှာ ရီးယဲလ်မက်ဒရစ်ကိုရှုံးနိမ့်ပြီး ဒီရာသီ ပထမဆုံးလာလီဂါရှုံးပွဲကို ကြုံတွေ့ခဲ့ရတဲ့ ဂီတာဖေးတို့ အခု အိမ်ကွင်းပွဲမှာ နိုင်ပွဲပြန်ရဖို့ ကြိုးစားလာမှာပါ။ ကြားရက်မှာချန် ပီယံလိဂ်ပွဲကစားထားရတယ်ဆိုပေမယ့် ဂီတာဖေးရဲ့ အဝေး ကွင်းကစားပုံအားနည်းမှုက ဆိုစီဒက်အတွက် ဖိအားဖြစ်လာဖို့ မရှိသလို၊ ဆိုစီဒက်ရဲ့ အိမ်ကွင်းအမှားအယွင်းနည်းတဲ့ကစား ပုံကိုလည်း ဂီတာဖေးတို့ ပွဲချိန်ပြည့်တောင့်ခံနိုင်ဖို့မရှိပါဘူး။ ဆိုစီ ဒက်ပဲကြိုတယ်။ ဂိုးတော့နည်းမယ်။

ဗယ်လက်ကာနို - ဗီလာရီးယဲလ် (တနင်္ဂနွေည ၈း၄၅ နာရီ)

နည်းပြသစ်လက်ထဲမှာလည်း ဗီလာရီးယဲလ်ရဲ့ကစားပုံက သိပ်မပြောင်းလဲသေးဘူး။ ခံစစ်ပိုင်းကလည်းလျော့နေတုန်းပဲ။ ဒါ့ ပြင် ကြားရက်မှာ ယူရိုပါလိဂ်ပွဲနွှဲထားရသေးလို့ ပွဲပန်းနေတာမျိုး လည်းရှိနေနိုင်တယ်။ ဗယ်လက်ကာနိုကလည်း အိမ်ကွင်းမှာဆို ကစားပုံမဆိုးလှသလို၊ တိုက်စစ်ကလည်း ဂိုးရအောင်ကစားနိုင်တဲ့ အသင်းမျိုးဖြစ်လို့ ဗီလာရီးယဲလ်တို့ ရင်ဆိုင်ရခက်ဦးမှာသေချာပါ တယ်။ လက်ရှိအခြေအနေအရ ဗယ်လက်ကာနိုပဲရွေးထားချင် တယ်။ ဂိုးနည်မယ်။

ဘက်တစ် - ကာဒစ်ဇ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

နောက်ဆုံးတွေ့ဆုံခဲ့တဲ့ အိမ်ကွင်း (၂)ပွဲဆက် ကာဒစ်ဇ်ကို ဘက်တစ်အနိုင်မရခဲ့ဘူး။ ဒါပေမဲ့ ဒီရာသီ ကာဒစ်ဇ်ရဲ့အဝေးကွင်း ကစားပုံလျော့နေသေးတာက ဘက်တစ်အတွက်အခွင့်အရေး လို့ပြောနိုင်တယ်။ ဘက်တစ်နဲ့ ဂိုးအနည်းပဲကောင်းမယ်။

လက်စ်ပါမားစ် - ဂရန်နာဒါ (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ပြီးခဲ့တဲ့ (၅)ပွမှာ (၁)ဂိုးပဲသွင်းနိုင်သေးတဲ့ လက်စ်ပါမားစ် ရဲ့ တိုက်စစ်က အားရစရာမရှိလှဘူး။ ဂရန်နာဒါကတော့ တိုက်စစ် ဖွင့်ကစားပြီး ခံစစ်ကအားနည်းနေသေးလို့ ဒီပွဲမှာ လက်စ်ပါမားစ် တိုက်စစ်ဂိုးရအောင်ကစားနိုင်မလားပဲစောင့်ကြည့်ရလိမ့်မယ်။ လက်စ်ပါမားစ်နဲ့ ဂိုးအနည်းကိုပဲကြိုက်တယ်။

အက်သလက်တီကို - ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၁း၃၀ နာရီ)

ဗလင်စီယာနဲ့အတွေ့ အက်သလက်တီကိုတို့ ဒီရာသီပထမ ဆုံးရှုံးပွဲကြုံတွေ့သွားချိန်မှာ ရီးယဲလ်မက်ဒရစ်ကတော့ ရာနှုန်း ပြည့်နိုင်ပွဲတွေနဲ့ ဇယားထိပ်ဆုံးမှာ  ဦးဆောင်နေတုန်းပါပဲ။ အက် သလက်တီကိုက ကြားရက်မှာ လာဇီယိုနဲ့ ချန်ပီယံလိဂ်အဝေး ကွင်းပွဲကျပ်ကစားခဲ့ရပြီး အခုရီးယဲလ်ကို ထပ်ရင်ဆိုင်ရဦးမှာဆို တော့ အက်သလက်တီကိုအတွက်နောက်ထပ် ခက်ခဲမယ့်ပွဲလို့ ပြောနိုင်နေတယ်။ အသင်းမှာ ဒဏ်ရာပြဿနာတွေလည်းရှိ၊ ပွဲ ကျပ်တွေလည်းဆက်နေလို့ ရီးယဲလ်ကိုအကောင်းဆုံးရင်ဆိုင်ပြ နိုင်မယ့် ခံနိုင်ရည်မျိုးရှိပါ့မလား စဉ်းစားစရာပါပဲ။ ရီးယဲလ်မက် ဒရစ်ကတော့ ရာသီအစကိုအကောင်းဆုံးကျော်ဖြတ်နေတယ်။ ခံစစ်ပိုင်းအထနှေးနေပေမယ့် အနိုင်ရအောင်ဘယ်လိုကစားယူ ရမလဲဆိုတာ ကောင်းကောင်းနားလည်နေပုံပါပဲ။ ဒီပွဲလည်း ရီး ယဲလ်အမှတ်ရအောင်ကစားဖို့မခက်ပါဘူး။ ဂိုးလည်းများမယ်။

Most Read

Most Recent