၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ဆန်တန်ချိန် ၃၁၃၅၀ ကျော်တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၂၆၂၀ ကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ဆန်တန်ချိန် ၃၁၃၅၀ ကျော်တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၂၆၂၀ ကျော်ဖြင့် အများဆုံးဖြစ်
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 19 September 2023

၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ဆန်တန်ချိန် ၃၁၃၅၀ ကျော်တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၂၆၂၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။      

သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၁၆ ဒသမ ၀၅၆ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၃၁၃၅၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၁၂၆၂၀ ကျော်နှင့် အာရှနိုင်ငံများသို့ဆန်တန်ချိန် ၁၈၇၂၀ ကျော် တင်ပို့နိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့သောနိုင်ငံများအနက် အာရှတွင် ဖိလစ်ပိုင်နိုင်ငံသို့တန် ၁၆၀၇၀၊ မလေးရှားနိုင်ငံသို့ တန် ၁၁၃၀၊ အရှေ့တီမောနိုင်ငံသို့ ဆန်တန်ချိန် ၁၀၄၀၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၃၁၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ဆန် ၁၇၄ တန် တင်ပို့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော စပိန်နိုင်ငံသို့ ဆန် ၂၇၅၀ တန်၊ ပိုလန်နိုင်ငံသို့ ဆန် ၁၉၂၅ တန်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်၁၅၂၅ တန၊်အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၀၀၀၊ ဂရိနိုင်ငံသို့ ဆန် ၈၂၅ တန်၊ ယူနိုက်တက်ကင်းဒမ်းသို့ ဆန်တန်ချိန် ၆၅၀၊ ချက်နိုင်ငံသို့ ဆန် ၆၀၆ တန်၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၆၀၀၊ တူကီယေးနိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန် တန်ချိန် ၃၉၀၊ ခရိုအေးရှားနိုင်ငံသို့ ဆန် ၃၇၇ တန်၊ ပြင်သစ်နိုင်ငံသို့ ဆန် ၃၂၅ တန်၊ ဂျာမနီနိုင်ငံသို့ ဆန် ၃၂၄ တန်၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ရိုမေးနီးယားနိုင်ငံသို့ ဆန် ၂၀၈ တန်၊ ဆလိုဗက်ကီးယားသို့ ဆန် ၁၂၅ တန်၊ အက်စတိုးနီးယားနိုင်ငံသို့ ဆန် ၁၇၅ တန်နှင့် လက်ဘနွန်နိုင်ငံသို့ ဆန်တန်ချိန် ၇၀ ကျော်တင်ပို့ခဲ့သည်။

အဆိုပါကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ဆန်တန်ချိန်၈၂၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၀ သန်းရရှိသည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့ တန်ချိန် ၃၂၁၇၀ ကျော်ရှိပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၂၆ သန်းရရှိသည်။ ယခင်လဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၉၀၀၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။

သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၁၁ ဒသမ ၁၁၄ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၂၅၄၆၀ ကျော်တင်ပို့နိုင်ပြီး တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန် ကွဲတန်ချိန် ၄၇၅၀ နှင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၀၇၁၀ ကျော် တင်ပို့နိုင်ခဲ့သည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် အာရှနိုင်ငံများတွင် တရုတ်နိုင်ငံသို့ဆန်ကွဲတန်ချိန် ၁၃၂၃၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၃၃၀၊ ဗီယက်နမ်နိုင်ငံသို့ ၂၀၃၀ တန်နှင့် စင်ကာပူနိုင်ငံသို့ ဆန်ကွဲ ၁၂၅ တန် တင်ပို့ခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲ ၂၃၇၅ တန်၊ ချက်နိုင်ငံသို့ ဆန်ကွဲ ၅၇၅ တန်၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀၀၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲ ၃၇၅ တန်၊ အီတလီနိုင်ငံသို့ ဆန်ကွဲ ၃၇၅ တန်၊ လစ်သူရေးနီးယားနိုင်ငံသို့ဆန်ကွဲတန်ချိန် ၃ဝဝနှင့် စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀ တင်ပို့သည်။

သြဂုတ်လအတွင်း မြန်မာ- တရုတ်နယ် စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၁ ဒသမ ၅၄၀ သန်း တန်ဖိုးရှိဆန်ကွဲတန်ချိန် ၃၉၂၉တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု တန်ချိန်၂၉၃၉၀ ကျော်တင်ပို့ပြီး တန်ဖိုးဒေါ်လာ ၁၂ ဒသမ ၆၅၄ သန်းရရှိသည်။ ယခင်လဆန်ကွဲတင်ပို့မှုနှင့် နှိုင်းယှဉ်ပါကတန်ချိန် ၅၀၀၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။

သြဂုတ်လအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၆၁၅၆၀ ကျော်ရှိပြီး တန်ဖိုးဒေါ်လာ ၂၉ ဒသမ ၀၈၀ သန်းရရှိခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၅၀၀ ကျော် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent