မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်အခြေပြု၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ မြို့များနှင့် ကွာလာလမ်ပူ၊ စင်ကာပူ၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံတို့သို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်ပျံသန်းမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်အခြေပြု၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ မြို့များနှင့် ကွာလာလမ်ပူ၊ စင်ကာပူ၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံတို့သို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်ပျံသန်းမည်
Published 18 September 2023

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်အခြေပြု၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ မြို့များနှင့် ကွာလာလမ်ပူ၊ စင်ကာပူ၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံတို့သို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေ ကြောင်းခရီးစဉ် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ်များတွင် အသုံးပြုရန် Boeing 737-400 Cargo လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်သော မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ၇၅ နှစ်မြောက် စိန်ရတုပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့် Boeing 737-400 လေယာဉ်အမှတ် 9M-POS(Flight No.3G087) Cargo လေယာဉ်အား ရန်ကုန်မြို့သို့ စတင်သယ်ဆောင်လာခြင်းဖြစ်ပြီး အဆိုပါလေယာဉ်ဖြင့် မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် ခရီးစဉ်များကို ပိုမိုချဲ့ထွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်အမှတ် 9M-POS(Flight No.3G087) Cargo လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ထွက်ခွာခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၅ ရက်တွင် ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်တင်လေယာဉ်သည် တန်ချိန်အားဖြင့် ၁၈တန်အထိ သယ်ဆောင်နိုင်မည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍ မရနိုင်သော Dangerous Boods များလည်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် အဆိုပါ Cargo လေယာဉ်ဖြင့် ရန်ကုန်မြို့မှ အခြေပြု၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအတွင်းရှိမြို့များနှင့် ကွာလာလမ်ပူ၊ စင်ကာပူ၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံတို့သို့ ကုန်တင်ခရီးစဉ်များ ကူးသန်းပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ဘန်ကောက်ခရီးစဉ်တွင် လိုက်ပါမည့်ခရီးသည်များအနေဖြင့် လေယာဉ်ပေါ် သို့သယ်ယူနိုင်မည့် လက်ဆွဲအိတ်အတိုင်းအတာ သတ်မှတ်ချက်အား 7kg ပြောင်းလဲသတ်မှတ်ထားကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)၏ Boeing 737-800 NG နှင့်ATR 72-600 လေယာဉ်များအားစင်းလုံးငှားဝန် ဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စိတ်ကြိုက်ခရီးစဉ် အတိုင်းငှားရမ်း ပျံသန်းနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(MNA)၏ လေယာဉ်စင်းလုံးငှားဝန်ဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စိတ်ကြိုက် ပြင်ဆင်ထားသောခရီးစဉ်အတိုင်း ငှားရမ်းပျံသန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့်ပတ်သက်သော အချက်အလက်များကို [email protected] email ပေးပို့၍ အသေးစိတ်မေးမြန်းနိုင်မည်ဖြစ်သည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)နှင့် စင်ကာပူနိုင်ငံရှိ ComfortDelGro Taxi တို့ပူးပေါင်းပြီး (MNA) ရန်ကုန်-စင်ကာပူအသွား အပြန်လက်မှတ် ရရှိနိုင်မည့် Lucky Draw အစီအစဉ်စတင်ခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေဖြင့် MNA Mobile Application အားအသုံးပြုပြီး ခရီးစဉ်အ ချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent