ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ် - တံခွန်တိုင်ကျေးရွာ အုပ်စုအတွင်း၌ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရ

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ် - တံခွန်တိုင်ကျေးရွာ အုပ်စုအတွင်း၌ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရ
Published 16 September 2023

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့ နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု အ တွင်း၌ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူ ၂၀၀၀ ကျော်မှာ စစ်ဘေးတိမ်း ရှောင်နေကြရကြောင်း ဒေသခံပြည်သူများ ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်က ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု မြို့ဟောင်း ကျေးရွာသို့ တပ်မတော်စစ်ကြောင်း ဝင် ရောက်လာခဲ့ပြီးနောက် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းမှ စတင်ကာ KNU, KNLA, PDF ပူးပေါင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲများဖြစ် ပွားနေသည့်အတွက် ဒေသခံများအနေဖြင့် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးခဲ့ ကြရကြောင်း စစ်ဘေးရှောင် ဒေသခံ တစ်ဦး က ပြောကြားသည်။

ဒေသခံ တစ်ဦး က “စက်တင်ဘာ ၁၄ ရက်က တစ်နေ့လုံးပစ်နေကြတယ်။ မနေ့ (စက်တင်ဘာ ၁၅ ရက်) မှာလည်း ပစ်နေကြ တုန်းပဲ” ဟု ပြောကြားသည်။ လက်ရှိတွင် စစ်ဘေးတိမ်းရှောင်ထွက် ပြေးနေကြရသည့် ဒေသခံ ၂၀၀၀ ကျော်ရှိ ကြောင်းနှင့် အများစုမှာ နီးစပ်ရာ ဘုန်းကြီး ကျောင်းများတွင် နေထိုင်ကြပြီး တချို့မှာ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများထံ ပြောင်းရွှေ့ နေထိုင်နေကြရကြောင်း ၎င်းက ဆိုသည်။

ထိုတိုက်ပွဲများအတွင်း လေကြောင်းမှ တိုက်ခိုက်မှုများပါရှိသည့်အတွက် ခလယ် - တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ ခလယ် ရွာကြီး၊ ခလယ်ရွာလေး၊ ခလယ်တံခွန်တိုင်၊ မြို့ဟောင်းအစရှိသည့် ကျေးရွာများမှ ဒေသ ခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း စစ်ဘေးရှောင် ဒေသခံပြည်သူများ ထံမှ သိရသည်။

“အခုရက်ပိုင်းက မိုးကလည်းကောင်းနေ တော့ ထွက်ပြေးလာသူတွေမှာ နေရေးထိုင် ရေး၊ စားရေးသောက်ရေးကအစ သွားရေး လာရေးတွေပါ အခက်အခဲတွေဖြစ်နေတယ်” ဟုစစ်ဘေးရှောင်ဒေသခံတစ်ဦးက ပြောကြား သည်။

အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများမကြခဏဖြစ်ပွားလေ့ရှိကြောင်း နှင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း တပ်မတော် နှင့် KNU, KNLA, PDF ပူးပေါင်း အဖွဲ့များကြား တိုက်ပွဲများအပြင်းအထန်ဖြစ် ပွားခဲ့ရာ ၎င်းင်းဒေသအတွင်းရှိ နောင်ဒေ့၊ ပု လိန်၊ ခလယ်၊ တံခွန်တိုင် အစရှိသည့် ကျေးရွာ များမှ ဒေသခံပြည်သူများ ကျေးရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်ထွက်ပြေးခဲ့ကြရ ကြောင်း သိရသည်။

Most Read

Most Recent