အီဗန်ဖာဂူဆန်အား လာမည့်နွေတွင်ခေါ်ယူရန် မန်ယူ ပစ်မှတ်ထား

အီဗန်ဖာဂူဆန်အား လာမည့်နွေတွင်ခေါ်ယူရန် မန်ယူ ပစ်မှတ်ထား
Photo: ManUtdReports
Photo: ManUtdReports
Published 14 September 2023

မန်ယူအသင်းသည် ဘရိုက်တန်လူငယ်တိုက်စစ်မှူး အီဗန်ဖာဂူဆန်အား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ စက်တင်ဘာ (၁) ရက်က ပိတ်သိမ်းခဲ့သော်လည်း မန်ယူအသင်းသည် ၂၀၂၄ နွေရာသီအတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း Manchester Evening News က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ၂၀၂၄ နွေရာသီတွင် ဗဟိုနောက်ခံကစားသမား၊ တောင်ပံနောက်ခံကစားသမား၊ ဗဟိုကွင်းလယ်ကစားသမားနှင့် တိုက်စစ်မှူး ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

တိုက်စစ်နေရာအတွက် မန်ယူအသင်းအနေဖြင့် ဖာဂူဆန်(၁၈ နှစ်) ကို ပစ်မှတ်ထားနေပြီး မန်စီးတီးကလည်း ၎င်းကို ခေါ်ယူလိုနေကြောင်း သိရှိရသည်။ 

Most Read

Most Recent