အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်က စပိန်အမျိုးသမီးအသင်းရဲ့ တိုက်စစ်မှူး ဟာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့ခြင်းအတွက် ဝေဖန်ပြစ်တင်မှုတွေ ခံရတယ်။ ရူဘီယာလက်စ်က တကယ့်ကို ပြဿနာလူသားဖြစ်ပြီး သတင်းစာတွေမှာ သူ့နာမည်ကို များများမြင်ချင်တဲ့လူလို့ ပြောရမလားပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကို လည်း သူ ဂရုမစိုက်ဘူး။ ဂရုမစိုက်တဲ့အပြင် သူ့ မိတ်ဆွေတစ်ဦးကို ပြန်ပြောတဲ့ စကားကိုလည်း ကြည့်ပါဦး။ "ကျား၊ မ တန်းတူ ညီမျှရေးဆိုတဲ့လူတွေကလည်း ငါသာ ယောကျ်ားလေးတစ်ယောက်ကို နမ်းမိရင် လိင်တူချစ်သူကို အားပေးပါတယ်ဆိုတဲ့ အပေါ်ယံဟန်ဆောင်မှုတွေနဲ့ ၀ိုင်းပြီး အားပေးကြလိမ့်မယ်။ မိန်းကလေးတစ်ယောက်ကို နမ်းမိတော့ ဒါက မအပ်မရာတဲ့လား။ တကယ် တော့ ငါ့စိတ်ထဲမှာ ငါ့အားကစားသမားဆိုတာပဲ ရှိတယ်"လို့ ပြောခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။
■ အောင်ပွဲခံအနမ်းနဲ့ ရူဘီယာလက်စ်ရဲ့ ဒိုင်ယာလော့ဂ်များ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















