ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်ချမှတ်ထားသည့် အမှုများအနက် အမှုအချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်ချမှတ်ထားသည့် အမှုများအနက် အမှုအချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
Published 1 August 2023

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်ချမှတ်ထားသည့် အမှုများအနက် အမှုအချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ (သြဂုတ် ၁ ရက်)တွင် အမိန့်ထုတ်ပြန်သည်။

ထိုသို့ပြစ်ဒဏ်လျှော့ပေါ့ခဲ့သည့် အမှုများမှာ ၎င်းတို့နှစ်ဦးအပေါ် ပုဒ်မ ၅၀၅၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် ပို့ကုန်သွင်းကုန်ဥပဒေများဖြင့် စွဲဆိုထောင်ဒဏ်ချမှတ်ထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပြစ်ဒဏ်လျော့တဲ့နေရာမှာ သူ့ (ဒေါ်အောင်ဆန်းစုကြည်)ကိုတရားစွဲဆိုထားတဲ့ တရားစွဲဆိုမှုတွေထဲက ၅၀၅ နဲ့ တရားစွဲဆိုထားတာရှိတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုတာတစ်ခု၊ ပြီးတော့ သဘာဝဘေးစီမံနဲ့ ၂၅ နဲ့တရားစွဲဆိုထားတာတစ်ခုရှိတယ်။ ပြီးရင်နောက်တစ်ခု ဆက်သွယ်ရေးနဲ့တရားစွဲဆိုထားတာရှိတယ်။ ပြီးရင်ပို့ကုန်သွင်းကုန်နဲ့တရားစွဲဆိုထားတာရှိတယ်။ ခြောက်နှစ်ပြစ်ဒဏ်လျော့ပေါ့ရှိပါတယ်။ သမ္မတဟောင်းဦးဝင်းမြင့်ကတော့ ပြစ်ဒဏ်လျော့လေးနှစ်ရှိလိမ့်မယ်။ သဘာဝဘေးစီမံတစ်ခုရှိတယ်။ ၅၀၅ (ခ)က နှစ်နှစ်ရှိတယ်။ ပြစ်ဒဏ်လေးနှစ်လျော့ဖို့ရှိပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent