မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ
Published 28 July 2023

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် အဂ္ဂါ ဓိပတိ သာသနာ့ဗိမာန်တော်မင်္ဂလာမော်ကွန်း ကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော်စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံ စေတီတော်တွင် မော်ကွန်းကျောက်စာတော်တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားများကို ဇူလိုင် ၂၈ ရက် တွင် သီးခြားစီကျင်းပရာ ဦးဆောင်ဘုရား ဒါယကာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပူဇော်ခဲ့ ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့နစကဥက္ကဋ္ဌနှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးဒေါ်သန်းသန်း နွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မ တော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဦးစွာ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း အခမ်းအနားကိုကျင်းပရာ အခမ်းအနားမှူးက မင်္ဂလာမော်ကွန်းကမ္ပည်းစာတမ်းကို ဖတ်ကြားပြီး မင်္ဂလာအချိန်တွင် နစကဥက္ကဋ္ဌက သာသနာ့ဗိမာန်တော် မော်ကွန်းကမ္ပည်းကြေးပြားတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းပေးခြင်း၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် အတွင်းရှိ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားရှိခိုး၍ ဖွင့်လှစ်ပြီး နစကဥက္ကဋ္ဌ နှင့်ဇနီးအမှူးပြုသည့် ဧည့်ပရိသတ်များက ရတနတ္တယပူဇာဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပူဇော်ကြပြီးနောက် နစက ဥက္ကဋ္ဌသည်  ဥဏ္ဏလုံမွေးရှင်တော်စီသွင်း ပူဇော်မည့် မင်္ဂလာနေရာသို့တက်ရောက်နေရာယူရာ အခမ်းအနားမှူးက ဥဏ္ဏလုံမွေး ရှင်တော်စီသွင်းပူဇော်ခြင်း မဟာမင်္ဂလာ အခါတော်စာတမ်းကိုဖတ်ကြားပူဇော်ပြီး မင်္ဂလာအချိန်တွင် နစကဥက္ကဋ္ဌက နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင် တော်မြတ်စီသွင်းပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းနှင့် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)တို့ကလည်း  ဗုဒ္ဓရုပ်ပွား တော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်း ပူဖော်ခဲ့ကြောင်းသိရသည်။

ယင်းနောက် မုစလိန္ဒနဂါးရုံဘုရား ကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ်စီ သွင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပရာ မင်္ဂလာအချိန်တွင် နစက ဥက္ကဋ္ဌက ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံ မွေးရှင်တော်မြတ်စီသွင်းပူဇော်ကာ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်ကာ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)တို့က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဖော်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍မာရဝိဇယကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား  ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကိုကျင်းပရာ မင်္ဂလာအချိန်တွင် နစကဥက္ကဋ္ဌက ဗုဒ္ဓရုပ် ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ်စီသွင်း ပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်ကာ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)တို့က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာ ရည်များဖြင့် ပက်ဖျန်းပူဖော်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားကိုကျင်းပရာ မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နစကဥက္ကဋ္ဌက ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်ရိုက်နှိပ်ပူဇော်ထားသည့် ကျောက်စာချပ်များကို တည်ထားပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်ကာ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ)တို့ကလည်း  ကျောက်စာချပ်များအား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဖော်ခဲ့ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင် လှူခြင်းနှင့် ရေစက်ချမဟာမင်္ဂလာအခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁ ရက်တွင် နိုင်ငံတော်အဆင့် ကျင်းပမည်ဖြစ်သည်။

 

 

 

Most Read

Most Recent