အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှစတင်ဝယ်ယူနိုင်မည့် မုတ်သုံရာသီစျေးရောင်းပွဲ ဇွန် ၃၀ ရက်တွင် ပြီးဆုံးမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှစတင်ဝယ်ယူနိုင်မည့် မုတ်သုံရာသီစျေးရောင်းပွဲ ဇွန် ၃၀ ရက်တွင် ပြီးဆုံးမည်
Published 26 June 2023

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှစတင် ဝယ်ယူနိုင်မည့် မုတ်သုံ ရာသီ စျေးရောင်းပွဲ ဇွန် ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုတ်သုံရာသီစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက ရန်ကုန်-ဒွန်မောင်း ခရီးစဉ်တစ်ကြောင်းစာအား ၅၇ ဒေါ်လာ၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်တစ်ကြောင်း စာအား ၇၉ ဒေါ်လာမှ စတင်၍လည်းကောင်း၊ ယင်းပြင် အခြားပြည်ပခရီးစဉ်များကိုလည်း သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက ရန်ကုန်-စင်ကာပူ အသွားအပြန် ခရီးစဉ်အားတစ်ပတ်လျှင် ၁၂ ကြိမ်ပျံသန်းနေပြီး ၂၄၉ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ MAI-uab Visa Card အား Sing Up ပြုလုပ်ပြီး Bonus Mile များ ရယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းပြင် ဘန်ကောက်အသွားအပြန် ခရီးစဉ်အတွက် အခမဲ့ လေယာဉ်လက်မှတ်တစ်စောင်အား ကံစမ်းရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမြို့မှ ဘန်ကောက်-ဒွန်မောင်းလေဆိပ်သို့ စတင် ပျံသန်းမှုအခမ်းအနားအား ဇွန် ၁၅ ရက် ထိုင်းနိုင်ငံရှိ ဒွန်မောင်းလေဆိပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်နှစ်ခုလုံးကို ပျံသန်းဝန်ဆောင်မှုပေးသည့် ပထမဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်လာပြီး အပတ်စဉ် ထိုင်းနိုင်ငံသို့ အကြိမ် ၄၀ ပျံသန်းနေခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမှ ဘန်ကောက်-ဒွန်မောင်းသို့ အပတ်စဉ် ငါးကြိမ်ပျံသန်းမည်ဖြစ်သည်။

(MAI) လေကြောင်းလိုင်းသည် မန္တလေး-ဒွန်မောင်း ခရီးစဉ်အား တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းသွားမည်ဖြစ်ကာ ခရီးစဉ်တစ်ကြောင်းစာအား အမေရိကန်ဒေါ်လာ ၈၇ မှစတင်ကာ  ရောင်းချသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)  က ရန်ကုန်နှင့်မန္တလေးမြို့အခြေပြု၍ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများအပါအဝင် နိုင်ငံတကာ ခရီးစဉ်၁၄ခုအား ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။

(MAI) က ရန်ကုန်မြို့မှ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်သို့လည်းကောင်း၊ မန္တလေးမြို့မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့လည်းကောင်း၊ စင်ကာ ပူ၊ မလေးရှား၊ ဒေလီ၊ ဟနွွိုင်း၊ ဒူဘိုင်း၊ ကွမ်ကျိုး၊ ကိုလ်းကတ္တား၊ အင်ချွန်း၊ ဖနွမ်းပင်၊ ဟိုချီမင်းနှင့်  ချန်နိုင်းမြို့များသို့ နိုင်ငံတကာခရီးစဉ်များအဖြစ် ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ဘန်ကောက်နှင့် စင်ကာပူမှ တစ်ဆင့် ကိုလံဘိုသို့ ပျံသန်းမည့် ခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (8M) နှင့် Srilankan Airlines (UL) တို့အကြား Codeshare Partners အစီအစဉ် စတင်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)အနေဖြင့် AIR INDIA, ROYAL BRUNEI AIRLINES, GARUDA INDONESIA, SRILANKAN AIRLINES စသည့် နိုင်ငံတကာလေကြောင်းလိုင်း ငါးခုနှင့်  Codeshare Partners အဖြစ် ပူးပေါင်းထားပြီး Interline Partners အဖြစ် နိုင်ငံတကာလေကြောင်းလိုင်း ၃၈ ခုဖြင့် ပူးပေါင်းထားသည်။

MAI လေကြောင်းလိုင်းအနေဖြင့်  ထိုင်းနိုင်ငံ ဘန်ကောက်သို့ အပတ်စဉ် တစ်ပတ်လျှင် လေကြောင်းခရီးစဉ် စုစုပေါင်း  ၄၅ ကြိမ်ဖြင့် ရန်ကုန်-ဘန်ကောက် လေကြောင်း ခရီးစဉ်စျေးကွက်အတွင်း  MAI  လေကြောင်းလိုင်း၏ ရပ်တည်မှုအနေအထားကို ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါ ရန်ကုန်-ဒွန်မောင်းခရီးစဉ်တွင် ခရီးသည်များအနေဖြင့် MAI ၏ လက်ရှိဝန်ဆောင်မှုများနည်းတူ ခရီးဆောင်အိတ် ကီလို ၃၀ သယ်ဆောင်ခွင့်နှင့် လေကြောင်း ခရီးစဉ်အတွင်း အခမဲ့ဧည့်ခံကျွေးမွေးမှုများကို အပြည့်အဝ ရရှိမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေပြု၍ မြန်မာနိုင်ငံအတွင်းရှိ မြို့များ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံများရှိ မြို့ပေါင်း ၂၇ မြို့သို့ A 319 လေယာဉ် လေးစင်း၊ A 320 လေယာဉ် သုံးစင်း၊ E 190 လေယာဉ် သုံးစင်းဖြင့် ပျံသန်းနေခြင်းဖြစ်သည်။

Most Read

Most Recent