လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ၁၉၈၃၅၄ တန်တင်ပို့မှုမှ ဒေါ်လာ ၈၄ သန်း ရရှိခဲ့ပြီး မေလအတွင်း တူရကီသို့ ဆန်အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်

လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ၁၉၈၃၅၄ တန်တင်ပို့မှုမှ ဒေါ်လာ ၈၄ သန်း ရရှိခဲ့ပြီး မေလအတွင်း တူရကီသို့ ဆန်အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကိုတွေ့ရစဉ်
Published 20 June 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၉၈၃၅၄ တန်တင်ပို့မှုမှ ဒေါ်လာ ၈၄ သန်းရရှိခဲ့ပြီး မေလအတွင်း တူရကီသို့ဆန်အများဆုံးတင်ပို့ခဲ့ပြီး ဆန်ကွဲကို ဘယ်လ်ဂျီယံသို့ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၈၇၆၄၈ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၆ သန်းရရှိခဲ့သည်။ မေလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၀၇၀၆ တင်ပို့မှုမှ ဒေါ်လာ ၄၈ သန်းရရှိခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့ပြီး ပို့ကုန်ဝင်ငွေ ဒေါ်လာသန်း ၁၀၀၀ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ်လကုန်အထိ ပြည်ပသို့ မြန်မာ့ဆန်တန် ချိန် ၂၂၆၁၂၀၃ တင်ပို့ခဲ့ပြီး ဝင်ငွေဒေါ်လာ  ၈၅၃ ဒသမ ၄၇၂ သန်းရရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၁ရရက်အထိ(ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၂၆၄၂၆၀ ဒသမ ၁၉၆တန်၊ တန်ဖိုးဒေါ်လာ ၄၉၁ ဒသမ ၂၀၉ သန်း၊ ဆန်ကွဲတန်ချိန် ၈၄၂၆၃၅ ဒသမ ၁၆၀ တန်၊ တန်ဖိုးဒေါ်လာ၂၉၃ ဒသမ ၁၁၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတန်ချိန် ၂၁၀၆၈၉၅ ဒသမ ၃၅၆ တန်ရှိပြီးတန်ဖိုး ဒေါ်လာသန်းပေါင်း ၇၈၄ ဒသမ ၃၂၄ သန်း ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၁၂၆၈၅ ၇၀ ဒသမ ၆၀၅ တန်တင်ပို့မှုမှတန်ဖိုးဒေါ်လာ ၄၄၆ ဒသမ ၈၈၆ သန်း၊ ဆန်ကွဲ တန်ချိန် ၇၇၂၁၀၄ ဒသမ ၉၈၀ တန်တင်ပို့မှု မှ တန်ဖိုးဒေါ်လာ ၂၃၉ ဒသမ ၀၄၂ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၂၀၄၀၆၇၅ ဒသမ ၅၈၅ တန် တင်ပို့မှုမှ တန်ဖိုးဒေါ်လာ သန်းပေါင်း ၆၈၅ ဒသမ ၉၂၈ သန်း တင်ပို့ခဲ့သည်။

ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၄၃၁၀ ဒသမ ၄၀၉ တန် လျော့ နည်းတင်ပို့ခဲ့သော်လည်း တန်ဖိုးအနေဖြင့် ဒေါ်လာ ၄၄ဒသမ ၃၂၃ သန်း ပိုမိုတင်ပို့နိုင်ခဲ့သည်။

ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၇၀၅၃၀ ဒသမ ၁၈၀ တန်၊ တန်ဖိုး ဒေါ်လာ ၅၄ ဒသမ ၀၇၃ သန်း ပိုမိုတင်ပို့နိုင်ခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ ၄၂ ဒသမ ၄ သန်း ၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊မေ လတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ် လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊နိုဝင်ဘာတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့  ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent