မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ မီးလင်းရွှေတစ်ကျပ်သား သိန်းသုံးဆယ်ငါးသောင်းကျပ်ဖြင့် စတင်ရောင်းချပေးပြီး နေ့စဉ် ရောင်းချပေးမည်

မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ မီးလင်းရွှေတစ်ကျပ်သား သိန်းသုံးဆယ်ငါးသောင်းကျပ်ဖြင့် စတင်ရောင်းချပေးပြီး နေ့စဉ် ရောင်းချပေးမည်
Published 19 June 2023

မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ မီးလင်းရွှေတစ်ကျပ်သား သိန်းသုံးဆယ်ငါးသောင်းကျပ်ဖြင့် စတင်ရောင်းချပေးပြီး နေ့စဉ် ရောင်းချပေးမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

" စျေးကိုတော့ ဒီစျေးနဲ့ပဲ ရောင်းပေးတယ်။ တက်လည်းမရောင်းဘူး။ စျေးကျရင် ကျတဲ့စျေးနဲ့ ရောင်းပေးမယ်။ ဆက်တိုက်ရောင်းပေးမယ်။ ဘဏ်ပိတ်ရက်က လွဲလို့ပေါ့" ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသင်းတွင် ရွှေဝယ်ယူမည်ဆိုပါက အသင်းသားမှလွဲ၍ မည်သူမဆို လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်ပြီး အိမ်ထောင်စုဇယား၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူယူလာဆောင်လာရမည်ဖြစ်ကြောင်း၊ နေ့စဉ် မွန်းလွဲ ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

" အခုချိန်ထိတော့ လူ ၃၀ ကျော်လောက်ရောင်းပေးပြီးသွားပြီ" ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။