ကျပ်နှင့် ရူပီးသုံးစွဲမှုအပေါ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အလားအလာများ မြန်မာ-အိန္ဒိယ ဆွေးနွေး

ကျပ်နှင့် ရူပီးသုံးစွဲမှုအပေါ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အလားအလာများ မြန်မာ-အိန္ဒိယ ဆွေးနွေး
Published 14 June 2023

ကျပ်နှင့်ရူပီး သုံးစွဲကာ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက် နိုင်ရေးအလားအလာများကို  မြန်မာ-အိန္ဒိယ နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယကုန်သည်ကြီးများအသင်းတို့၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တား မြို၌ ကျင်းပပြုလုပ်သည့် BIMSTEC သို့တက်ရောက်ရန် ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော အင်ဂျင်နီယာပို့ကုန်မြှင့် တင်ရေး‌ကောင်စီ(Engineering Export Promotion Council –EEPC) မှ ကြီးမှူး ကျင်းပသည့် (Trade and Investment Opportunities) ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ EEPC ဥက္ကဋ္ဌတာဝန်နှင့် နိုင်ငံခြားရေးရာကုန်သွယ်မှုမူ ၀ါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ ဥက္ကဋ္ဌ  Mr.P.K.Shas ၊ ဒုတိယဥက္ကဋ္ဌ Mr. AskashShah နှင့် ဒေသတွင်းဆိုင်ရာ ဥက္ကဋ္ဌ Mr.B.D Agarwal အပါအဝင် EEPC မှ တာဝန်ရှိသူများ၊ အိန္ဒိယရင်းနှီး မြှုပ်နှံသူများနှင့် ကုန်သည်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက် နိုင်မည့်အခြေအနေနှင့် အလားအလာများ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အ လားအလာများ၊ ကျပ်နှင့်ရူပီးများကို နှစ်နိုင်ငံကုန်သွယ်မှုတွင် သုံးစွဲနိုင်ရေး နှစ်ဖက်ပူး ပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကုန်သည်လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော်လ်ကတ္တားမြို့ရှိ ပြည်ပမှတင်သွင်းသည့် ပဲမျိုးစုံအား တန်ဖိုးမြှင့်တင်ထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သော ETG Processing Plant သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးစဉ်

Most Read

Most Recent