ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ လိုက်နာခြင်းမရှိသဖြင့် ထားဝယ်မြို့ရှိ Money Changer နှစ်ခုအား လိုင်စင်သုံးလဆိုင်းငံ့

ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ လိုက်နာခြင်းမရှိသဖြင့် ထားဝယ်မြို့ရှိ Money Changer နှစ်ခုအား လိုင်စင်သုံးလဆိုင်းငံ့
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 12 June 2023

ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ လိုက်နာခြင်းမရှိသဖြင့် ထားဝယ်မြို့ရှိ Shwe Nan Taw Wyn နှင့် Shwe Wei Phone Myat ကုမ္ပဏီတို့၏ Money Changer တို့အား လိုင်စင်သုံးလ ဆိုင်းငံ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၉ ခုနှစ် သြဂုတ် ၁၅ ရက်တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အ မှတ် CBM-FEMD-458/2019 ရရှိထားသည့် Shwe Nan Taw Wyn Co.,Ltd သည် Money Changer လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၂ ကို ဖောက် ဖျက်ခြင်းဖြစ်သော ပုဒ်မ ၃၅(ခ)အရ Shwe Nan Taw Wyn Co.,Ltd ၏ Money Changer လိုင်စင်အား ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်မှစတင်၍ သုံးလဆိုင်းငံ့ကြောင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ Shwe Nan Taw Wyn Co.,Ltd ၏ စျေးရုံ(၂)၊အမှတ်(၆)၊စျေးရှေ့ဘက်လမ်း၊ စည်ပင်သာယာစျေးကြီး၊ ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသော Money Changer ကောင်တာတွင် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အမှတ် CBM-FEMD-351/2017  ရရှိထား သည့် Shwe Wei Phone Myat Co.,Ltd သည် Money Changer လုပ်ငန်းများ ဆော င်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား  လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၂ ကို ဖောက် ဖျက်ခြင်းဖြစ်သော ပုဒ်မ ၃၅(ခ)အရ Shwe Wei Phone Myat Co.,Ltd ၏ Money Changerလိုင်စင်အား ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်မှစတင်၍ သုံးလဆိုင်းငံ့ကြောင်း ထုတ် ပြန်ထားသည်။

          သို့ဖြစ်ရာ Shwe Wei Phone Myat Co.,Ltd၏ အမှတ်(၂၄) နိဗ္ဗာန်လမ်းမြို့တွင်းရပ် ထားဝယ်မြို့နယ် တနင်္သာရီတိုင်း ဒေသကြီးတွင် ဖွင့်လှစ်ထားသော Money Changer ကောင်တာတွင် နိုင်ငံခြားငွေဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent