ညောင်တုန်း-သာပေါင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဇွန် ၉ ရက်မှစ၍ သတင်းစာစက္ကူစက်ရုံ (သာပေါင်း) သို့ သဘာဝဓာတ်ငွေ့များ စမ်းသပ်ပို့လွှတ်

ညောင်တုန်း-သာပေါင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဇွန် ၉ ရက်မှစ၍ သတင်းစာစက္ကူစက်ရုံ (သာပေါင်း) သို့ သဘာဝဓာတ်ငွေ့များ စမ်းသပ်ပို့လွှတ်
စွမ်းအင်ဝန်ကြီးနှင့် တာဝန်ရှိသူများ စစ်ဆေးနေစဉ်
စွမ်းအင်ဝန်ကြီးနှင့် တာဝန်ရှိသူများ စစ်ဆေးနေစဉ်
Published 12 June 2023

ညောင်တုန်း-သာပေါင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ၂၀၂၃ ခုနှစ် ဇွန် ၉ ရက်မှ စ၍ သတင်းစာစက္ကူစက်ရုံ (သာပေါင်း)သို့ သဘာဝဓာတ်ငွေ့များ စမ်းသပ်ပို့လွှတ်ပေးနေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အ ကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သော ညောင်တုန်း-သာပေါင်းသဘာဝဓာတ် ငွေ့ပိုက် လိုင်းတစ်လျှောက်ရှိ Value Station နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)၏ နှစ်ပတ်လည်အကြီးစားပြုပြင်နေမှုကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုး မြင့်ဦး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇွန် ၁၁ ရက်တွင် သွားရောက် ကြည့်ရှုခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သတင်းစာစက္ကူ စက်ရုံ(သာပေါင်း)ရှိ သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်း(သာပေါင်း)သို့ ရောက်ရှိကြရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သော ညောင်တုန်း-သာပေါင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သတင်းစာ စက္ကူစက်ရုံ(သာပေါင်း)သို့ ဓာတ်ငွေ့ဖြန့်ဖြူးပေးနေမှု၊ မိုးမကျမီ သဘာဝဓာတ်ငွေ့ဖြန့်ဖြူး ပေးနိုင်ရေးအတွက် အချိန်မီဆောင်ရွက်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ပြန်လည်လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်းရရှိနိုင်မှု အခြေအနေကိုအကြံ ပြုဆွေးနွေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အစားထိုးပြုပြင်ခဲ့သော ပိုက်လိုင်းများအား စနစ်တကျဆောင်ရွက်ခဲ့မှုအခြေအနေ၊ ပျက်စီးခဲ့သော လယ်ယာမြေများအား မူလအခြေ အနေအတိုင်းဖြစ်အောင် ပြန်လည်ဆောင်ရွက်ပေးရေး၊ ပိုက်လိုင်းအမှတ်သားပြတိုင်များ စိုက်ထူရေးတို့ကို မှာကြားသည်။

လက်ရှိအချိန်တွင် ညောင်တုန်း-သာပေါင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်းပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ၂၀၂၃ ခုနှစ် ဇွန် ၉ ရက်မှစ၍ သတင်းစာစက္ကူစက်ရုံ (သာပေါင်း)သို့ သဘာဝဓာတ်ငွေ့များ စမ်းသပ်ပို့လွှတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)သို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဓာတ်မြေသြဇာများ ပိုမိုထွက်ရှိလာပါက တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည့်အတွက် တောင်သူများအတွက် ပိုမိုအကျိုးဖြစ် ထွန်းလာစေမည်ဖြစ်ကြောင်းဆိုသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စက်ရုံဝန်ထမ်းများအား သစ်သီးခြင်းနှင့် အင်အားဖြည့်အစားအစာများပေးအပ်ကာစက်ရုံအတွင်းရှိ စက် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent