တရုတ်နယ်စပ်မှ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ)ရှိကြောင်း တင်ပြရမည်

တရုတ်နယ်စပ်မှ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ)ရှိကြောင်း တင်ပြရမည်
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
Published 7 June 2023

တရုတ်နယ်စပ်မှ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူထားသော ငွေစာရင်း လက်ကျန်(ယွမ်ငွေ)ရှိကြောင်း တင်ပြရမည်ဖြစ်ကြောင်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ဆုံးဖြတ်ထားသည်။

ပင်လယ်ရေကြောင်းမှဖြစ်စေ၊ နယ်စပ်မှဖြစ်စေ ပြည်ပမှတင်သွင်းမည့် သွင်းကုန်ပစ္စည်းများအတွက် လိုင်စင်ရရှိပြီး ငွေပေးချေရာတွင် ပြည်တွင်းဘဏ်များမှဖြစ်စေ၊ ပို့ကုန်ရငွေမှဖြစ်စေ ဝယ်ယူ၍ ဘဏ်ငွေလွှဲ ပြောင်းပေးခြင်းစနစ်ဖြင့်သာ ပေးချေခွင့်ပြုရန်၊ တရုတ်နယ်စပ်မှ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ)ရှိကြောင်း Bank Statement ဖြင့် တင်ပြလျှောက်ထားရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၄၁/၂၀၂၃)တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် နိုင်ငံငါးနိုင်ငံတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒို နီးရှားနိုင်ငံတို့ အစဉ်လိုက်ရပ်တည်လျက်ရှိ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံသို့သွင်းကုန်အများ ဆုံးတင်သွင်းထားသည့် နိုင်ငံငါးနိုင်ငံတွင် တရုတ်နိုင်ငံက ဒေါ်လာ ၁၅၃၇ ဒသမ ၈၉ သန်း၊ စင်ကာပူက ဒေါ်လာ ၁၁၄၇ ဒသမ ၂၁ သန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၅၄၃ ဒသမ ၁၃ သန်း၊ မလေးရှားနိုင်ငံက ဒေါ်လာ၂၃၇ ဒသမ ၁၁ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၂၂၉ ဒသမ ၉၀၈ သန်းတို့ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်း ထားသည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ ၂၆၀၄သန်းကျော်နှင့်ထိုင်းနိုင်ငံမှ ဒေါ်လာသန်း ၁၉၈၀ ကျော်ဖြင့် အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊  ဂျပန်နှင့် အမေရိကန်တို့ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့  သွင်းကုန်အများဆုံးတင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ ဒသမ ၁ဝသန်း၊စင်ကာပူမှ ဒေါ်လာ၂၆၀၄ ဒသမ၂၂ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၉၈၀ ဒသမ ၈၉ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၁၆၄ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၈၇ ဒသမ ၃၄ သန်း၊အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၃၈၆ ဒသမ ၅၄ သန်း၊ တောင်ကိုရီးယားမှ ဒေါ်လာ ၃၇၆ ဒသမ ၈၅ သန်း၊ ဗီယက်နမ်မှ ၅၈ သန်း၊ ဂျပန်မှဒေါ်လာ ၃၅၂ ဒသမ ၄၆ သန်းနှင့် အမေရိကန်မှ ဒေါ်လာ ၂၂၇ ဒသမ ၃၂သန်းတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent