အယ်လစ္စတာနှင့် ကိုင်စီဒိုတို့၏ နောက်ဆုံးပွဲဖြစ်နိုင်သည်ဟု ဘရိုက်တန်နည်းပြ ဒစ်ဇယ်ဘီ ဝန်ခံခဲ့ပြီး ပိုမြင့်မားသည့်အဆင့်၌ကစားရန် အသင်းမှထွက်ခွာခြင်းမှာ မှန်ကန်သည်ဟု ဆို

အယ်လစ္စတာနှင့် ကိုင်စီဒိုတို့၏ နောက်ဆုံးပွဲဖြစ်နိုင်သည်ဟု ဘရိုက်တန်နည်းပြ ဒစ်ဇယ်ဘီ ဝန်ခံခဲ့ပြီး ပိုမြင့်မားသည့်အဆင့်၌ကစားရန် အသင်းမှထွက်ခွာခြင်းမှာ မှန်ကန်သည်ဟု ဆို
Photo: Getty Images
Photo: Getty Images
Published 29 May 2023

ဘရိုက်တန်အသင်း၏နည်းပြ ဒစ်ဇယ်ဘီက အသင်း၏ အဓိကကစားသမားနှစ်ဦးဖြစ်သော အယ်လစ္စတာနှင့် ကိုင်စီဒိုတို့အတွက် အက်စတွန်ဗီလာနှင့်ပွဲမှာ နောက်ဆုံးပွဲဖြစ်နိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အာဂျင်တီးနားကွင်းလယ်ကစမားသမား အယ်လစ္စတာနှင့် အီကွေဒေါကွင်းလယ်ခံစစ်ကစားသမား ကိုင်စီဒိုတို့သည် ယခုရာသီတွင် ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော ဘရိုက်တန်အသင်း၏ အဓိက ကစားသမားများအဖြစ် ခြေစွမ်းပြခဲ့သူများဖြစ်ပြီး ထိပ်သီးအသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေကြသည်။

အယ်လစ္စတာမှာ လီဗာပူးလ်အသင်းနှင့် သဘောတူညီမှုရရှိထားပြီဟုပင် သတင်းထွက်နေပြီး အက်စတွန်ဗီလာနှင့်ပွဲအပြီးတွင် ငိုကြွေးနေသည့် ၎င်း၏ အပြုအမူကြောင့် အသင်းမှ ထွက်ခွာရန် သေချာပြီဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ဒစ်ဇယ်ဘီက "ဒါက အယ်လစ္စတာနဲ့ ကိုင်စီဒိုတို့ရဲ့ နောက်ဆုံးပွဲဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ကျွန်တော် တကယ်စိတ်မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ထိပ်တန်းကစားသမားနှစ်ယောက်ဖြစ်တာကြောင့်ပါ။ ဒါပေမဲ့ ဒါဟာ ဘရိုက်တန်ရဲ့ ပေါ်လစီပါပဲ။ ပိုမြင့်မားတဲ့အဆင့်မှာ ကစားဖို့ သူတို့ထွက်ခွာကြတာဟာလည်း မှန်ကန်ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent