■  ကာလရှည်ပွဲပယ်ခံထားရသည့် တိုနေးကို သက်တမ်းတိုးရန် ဘရန့်ဖို့ဒ်အသင်း ဆန္ဒရှိ     

■  ကာလရှည်ပွဲပယ်ခံထားရသည့် တိုနေးကို သက်တမ်းတိုးရန် ဘရန့်ဖို့ဒ်အသင်း ဆန္ဒရှိ     
Photo: Getty Images
Photo: Getty Images
Published 19 May 2023

ဘရန့်ဖို့ဒ်အသင်းသည် လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် (၈)လကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသည့် တိုက်စစ်မှူး အီဗန်တိုနေးကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

အသက် (၂၇) နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး တိုနေးသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း FA က ချမှတ်ထားသည့် လောင်းကစားစည်းမျဉ်းများကို ချိုးဖောက်မှုဖြင့် မေလ (၁၇) ရက်တွင် ဘောလုံးနှင့်ပတ်သက်ခွင့် (၈) လပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်။ 

ပြစ်ဒဏ်အရ တိုနေးသည် ၂၀၂၄ ခုနှစ်အထိ ဇန်နဝါရီလအထိ ဘောလုံးနှင့်ပတ်သက်ခွင့်ရှိမည်မဟုတ်သော်လည်း ဘရန့်ဖို့ဒ်အသင်းက သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

တိုနေးသည် ယခုရာသီတွင် ဘရန့်ဖို့ဒ်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် (၃၃) ပွဲတွင် ဂိုး (၂၀) သွင်းယူထားသည်။ 

ထို့ကြောင့် တိုနေးသည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းအချို့၏ ခေါ်ယူရန် စိတ်ဝင်စားခြင်းခံနေရကြောင်းလည်း သိရသည်။

Most Read

Most Recent