■ အဲဗာတန်အသင်း၏ အရောင်းအဝယ် လာမည့်ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ဖွယ်ရှိ     

■ အဲဗာတန်အသင်း၏ အရောင်းအဝယ် လာမည့်ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ဖွယ်ရှိ     
Photo: Getty Images
Photo: Getty Images
Published 19 May 2023

အဲဗာတန်အသင်းပိုင်ရှင် ဖာဟက်မိုရှီရီသည် အသင်းကို ပြန်လည် ရောင်းထုတ်ရန် စီစဉ်နေရာ လာမည့်ရက်သတ္တပတ်အတွင်း အရောင်းအဝယ် ဖြစ်ပေါ်ဖွယ်ရှိကြောင်း သိရသည်။ 

မိုရှီရီသည် အာဆင်နယ်အသင်း၏ ရှယ်ယာရှင်တစ်ဦးဖြစ်ခဲ့ဖူးသလို၊ ၂၀၁၆ ခုနှစ်မှစ၍ အဲဗာတန်အသင်း၏ အဓိကရှယ်ယာရှင်တစ်ဦးအဖြစ် ရပ်တည်လာခဲ့သူဖြစ်သည်။ 

သို့သော် ၎င်း၏ ဦးဆောင်မှုအောက်တွင် အဲဗာတန်အသင်းအနေဖြင့် ဆုတ်ယုတ်ကျဆင်းလာခဲ့သည့်အတွက် ပရိသတ်များ၏ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အသင်းအား  ပြန်လည်ရောင်းချရန် တောင်းဆိုမှုများလည်း ပိုမိုမြင့်တက်လာခဲ့သည်။ 

ထို့ပြင် လက်ရှိအချိန်၌ ပရီးမီးယားလိဂ်မှ တန်းဆင်းရနိုင်သည့် အခြေအနေပင် ရှိလာခဲ့ချိန်တွင် အရောင်းအဝယ်သတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 

အဲဗာတန်အသင်းကို အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ 777 Partners က ဝယ်ယူရန် ကြိုးပမ်းနေပြီး ပေါင်သန်း(၆၀၀)ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ဖွယ်ရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

သို့သော် 777 Partners က အဲဗာတန်အသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင် ဆက်လက်ယှဉ်ပြိုင်ခွင့်ရမှသာ ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent