မန်ယူအသင်းသည် လာမည့်နွေရာသီတွင် အသင်း၏စီနီယာကစားသမား (၁၃) ဦးအထိ ရောင်းထုတ်သွားရန်စီစဉ်နေကြောင်း သိရသည်။
မန်ယူအသင်းသည် လာမည့်နွေတွင် ထိပ်တန်းကစားသမားများ ခေါ်ယူနိုင်ရန်အတွက် အသင်းရှိကစားသမားများကို ရောင်းထုတ်ကာ ငွေရှာသွားရန်စီစဉ်နေခြင်းလည်းဖြစ်သည်။
MEN သတင်းစာ၏ ဖော်ပြမှုအရ မန်ယူအသင်းသည် လာမည့်နွေတွင် အသင်းစီနီယာကစားသမားများဖြစ်သည့် မက်ဂွိုင်းရား၊ ဖီးလ်ဂျုံးစ်၊ တွမ်ဇီဘီ၊ ဘာယီ၊ တဲလက်စ်တို့အပါအဝင် အသင်းအတွက် အသုံးမတည့်သည့် ကစားသမား (၁၃) ဦးကို ရောင်းထုတ်ရန်စီစဉ်နေကြောင်း သိရှိရသည်။















