မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာက အသင်းနည်းပြ ဂွါဒီယိုလာ မှားယွင်းကြောင်း သက်သေပြသွားမည်ဟု ကြုံးဝါးပြောကြားခဲ့သည်။
ဂွါဒီယိုလာက ပြီးခဲ့သည့် ဧပြီလတွင် ဝေါ်လ်ကာအနေဖြင့် အသင်း၏နည်းစနစ်တွင် အံမဝင်တော့ဟု လူသိရှင်ကြား ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာ၏ အဆိုပါမှတ်ချက်နှင့်ပတ်သက်ပြီး ဝေါ်လ်ကာက ''သူ့ရဲ့မှတ်ချက်ကြောင့် နာကျင်ရပြီး ကိုယ့်ကိုယ်ကိုတောင် သံသယဝင်မိပါတယ်။ ဘောလုံးအမြင်မတူတာတွေရှိပေမဲ့ မန်စီးတီးနဲ့ ကျွန်တော့်အတွက် ဂွါဒီယိုလာ လုပ်ပေးခဲ့တာတွေက အများကြီးပါ။ ကျွန်တော့်အနေနဲ့ ပြန်ကောင်းအောင်ကြိုးစားပြီး သူ မှားယွင်းကြောင်း သက်သေပြရုံပါပဲ''ဟု ပြောကြားခဲ့သည်။















