မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ​ဒေသများ၌ ကူညီကယ်ဆယ်​ရေးနှင့် ပြန်လည်ထူ​ထောင်​​ရေးလုပ်ငန်းများ ​ဆောင်ရွက်ရာတွင် အသုံးပြုနိုင်​ရေးအတွက် လှူဒါန်းငွေ ကျပ်သိန်း​ပေါင်း တစ်သိန်းသုံး​သောင်း​ကျော်ရရှိ

မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ​ဒေသများ၌ ကူညီကယ်ဆယ်​ရေးနှင့် ပြန်လည်ထူ​ထောင်​​ရေးလုပ်ငန်းများ ​ဆောင်ရွက်ရာတွင် အသုံးပြုနိုင်​ရေးအတွက် လှူဒါန်းငွေ ကျပ်သိန်း​ပေါင်း တစ်သိန်းသုံး​သောင်း​ကျော်ရရှိ
Published 15 May 2023

မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်​​ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ကျပ်သိန်းပေါင်း တစ်သိန်းသုံးသောင်းကျော် လက်ခံရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်​​ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်​​ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်​​ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို မေ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံ​​တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာကံဇော်၊ ဦး​​မောင်မောင်အုန်းနှင့် ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်​​ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ တက်​​ရောက်ခဲ့ကြောင်း သိရသည်။

          ယင်းအခမ်းအနားတွင် နစကဥက္ကဋ္ဌက

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည် နယ်အတွင်း ထိခိုက်ပျက်စီးခဲ့ ရသည့် ပျက်စီး ဆုံးရှိုးမှုများနှင့် မုန်တိုင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအ တွင်းရှိ အချို့ဒေသများမှ ထိခိုက်ပျက်စီးဆုံးရှုံး မှုများအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ဆောင်ရွက်သည့် ပြန်လည်ကယ်ဆယ်ရေးနှင့် ထူ​​ထောင်ရေးလုပ်ငန်းများတွင် တစ်တပ် တစ်အား ပါဝင်လှူဒါန်းသည့်အတွက် ဝမ်းမြောက်ကြောင်း၊ သဘာဝဘေးအန္တရာယ် ဆိုသည်မှာ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်ဖြစ်သော်လည်း ကြိုတင်ပြင်ဆင်မှုများ ကောင်း မွန်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ခြင်းများရှိပါက အတိုင်းအတာတစ်ခုအထိ အနည်းငယ်လျော့ကျသွားနိုင်သည်ကိုတွေ့ ရကြောင်းပြောကြားသည်။

ထို့ပြင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ​​ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုတာဝန်ပေး၍ ကြိုတင်ကာကွယ်​​ရေး လုပ်ငန်းများကို ဆောင်ရွက်စေခဲ့ကြောင်း၊ မုန်တိုင်းသည် မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သည်ကို တာဝန်ရှိသူများက တင်ပြခဲ့သဖြင့် သိလျင်သိခြင်း သတိပေးချက်များကို ချက်ချင်းထုတ်ပြန်စေခဲ့ပြီး ပြောင်းရွေ့မှုများ နှင့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်စေခဲ့ခြင်းကြောင့် မုန်တိုင်းဒဏ်ကျရောက်ချိန်တွင် လူအများထိခိုက်သေဆုံးမှုကို များစွာရှောင်ရှားနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ သိရှိရ​​သော သတင်းအချက်အလက်များအရ ငါးဦးသာ သေဆုံးခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှုအနည်းဆုံးဖြင့် ပြင်းထန်သည့် မုန်တိုင်းဒဏ်ကို ​​အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ မုန်တိုင်းကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ပြီးချိန်တွင် စေတနာရှင် အလှူရှင်များက ပါဝင်လှူဒါန်းလိုကြောင်း သိရှိရပြီး ယခုကဲ့သို့တိုင်းပြည်အတွက် လိုအပ်ချိန်တွင် အားတတ်သ​​​ရော ပါဝင်လှူဒါန်းခြင်းများကြောင့် ကျေးဇူးတင်ဝမ်း​​မြောက်ကြောင်း၊ AHA Center မှ တာဝန်ရှိသူများအနေဖြင့်လည်း အကူအညီများ ပေးအပ်နိုင်​​ရေး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အခြားနိုင်ငံများအနေဖြင့်လည်း အကူအညီများ ပေးအပ်ရန်ကမ်းလှမ်းလာကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေများ ​​ပေးအပ်လှူဒါန်းခြင်းကို မည်သည့်တိုက်တွန်းမှုမှမပါဘဲ စေတနာအပြည့်ဖြင့် လာရောက်လှူးဒါန်းခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ အခက်အခဲအကျပ်အတည်းများကြားမှ ကျော်ဖြတ်နေရခြင်းဖြစ်ပြီး ယင်းအခက်အခဲ အကျပ်အတည်းများကို ကျော်ဖြတ်နေရချိန်တွင် ယခုကဲ့သို့လှူဒါန်းနိုင်ခြင်းမှာလည်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာပြီး နိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းကြောင့်ဖြစ်ကြောင်းနှင့် ယခုလှူဒါန်းမှုများကို ရခိုင်ပြည်နယ်အတွက်သာမက အခြားမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့်ဒေသများကိုပါ ခွဲဝေလှူဒါန်း​​ပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်​​ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး စေနာရှင်၊ အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းရာ တပ်မတော်(ကြည်း၊​​ရေ၊လေ) အရာရှိ၊ စစ်သည်၊ မိသားစုများကိုယ်စားစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးက အလှူငွေ ကျပ်သိန်းတစ်သောင်းကို ပေးအပ်လှူဒါန်းရာ နစကဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။

ယင်းနောက် တက်ရောက်လာရသည့် စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ဆက်လက်ပေးအပ်လှူဒါန်းရာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်​​ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် စုစုပေါင်းအလှူငွေကျပ်သိန်းပေါင်း ၁၃၁၈၁၀ (ကျပ် ၁၀ ဘီလျံကျော်)ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent