မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် MG Myanmar ၏ MG4 လျှပ်စစ်ကားများ မိတ်ဆက်ရောင်းချ

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် MG Myanmar ၏ MG4 လျှပ်စစ်ကားများ မိတ်ဆက်ရောင်းချ
MG4 လျှပ်စစ်ကားများကို မိတ်ဆက်ရောင်းချစဉ်
MG4 လျှပ်စစ်ကားများကို မိတ်ဆက်ရောင်းချစဉ်
Published 5 April 2023

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် MG Myanmar ၏ MG4 လျှပ်စစ်ကားများကို မိတ်ဆက်ရောင်းချခြင်းကို ဧပြီ ၃ ရက်က ရန်ကုန်မြို့ Myanmar Plaza Promotion Area ၌ ကျင်းပခဲ့သည်။ အဆိုပါ MG4EV ကားများ မိတ်ဆက်ပွဲသို့ စိတ်ဝင်စားသည့် ဝယ်ယူသူများနှင့်အတူ အနုပညာရှင်များဖြစ်သည့် လွှမ်းပိုင်၊ နေထွဋ်၊ K ညီနှင့် မှူးထိပ်ထားတို့ တက်ရောက်ခဲ့ကြသည်။

“ကျွန်မတို့ MG Myanmar အနေနဲ့ မြန်မာနိုင်ငံမှာ အခုလို လျှပ်စစ်ကားနဲ့ပတ်သက်ပြီး ဘာမူဝါဒတွေ၊ အစီအစဉ်တွေမရှိ သေးခင်လွန်ခဲ့တဲ့ နှစ်နှစ်လောက်တည်းက MG EVကားကို Showroom မှာ မိတ်ဆက် ပြသခဲ့တာပါ။ နိုင်ငံတော်ကနေ မူဝါဒတွေချမှတ်ပြီး လျှပ်စစ်ကားတင်သွင်းခွင့်ကို ကုမ္ပဏီ ကိုးခုကိုချထားပေးချိန်မှာ MG Myanmar လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့ EV ကားတွေကို မြန်မာနိုင်ငံမှာ မိတ်ဆက်ပြသ ရောင်းချတာလည်း MG4 EVက ပထမဆုံးပါပဲ။ ဒါ့အပြင် လျှပ်စစ်ကားတွေအတွက် အား သွင်းစင်တာကိုလည်း ညီမတို့ MG က နေပြည်တော်မှာ ပထမဆုံးဖွင့်လှစ်ခဲ့တာပါ။ နောက်ထပ်လည်း မန္တလေးနဲ့ ရန်ကုန်တို့မှာ ထပ်ပြီးဖွင့်လှစ်ဖို့တည်ဆောက်နေပါပြီ။ MG Myanmar အနေနဲ့ မြန်မာနိုင်ငံမှာ ကားတွေ တင်သွင်းရောင်းချတည်းက ရောင်းချမှုအပြင် Service ပိုင်းကိုလည်း အပြည့်အဝပေးနိုင်ဖို့ ကြိုးစားခဲ့သလို အခုလျှပ်စစ်ကားတွေကိုလည်း Service အတွက်ပါ သေချာပြင်ဆင်ပြီးမှ မိတ်ဆက်ရောင်းချတာပါ”ဟု MG Myanmar၏ Marketing Managerမှ မယမုံက ဆိုသည်။

MG- Morris Garages မှ ထုတ်လုပ် သည့် MG4 EV ကားများသည် ကမ္ဘာတစ်လွှားအောင်မြင်မှုနှင့်အတူ EURO NCSP 2022 ၊ Bargain of the year (2022) Top Gear Awards)၊ Best Value Electric Car(Driving Electric) ၊ Car of the year(Driving Electric) ၊ Reader’s Favourite Electric Car(2023 By Driving Electric)၊ Best Value Car(Electrifying.com) ၊ Electrifying.com Overall Car of the year (Electrifying.com) ၊ Scottish Car of the year Awards နှင့် Car of the year(Carwow) စသည့်ဆုများ ကို ရရှိထားသည်။ MG Brand New ကားများကို UK နည်းပညာ၊ UK Quality Control တို့ဖြင့် တရုတ်၊ သြစတြေးလျ၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် စက်ရုံများဖြင့် ထုတ်လုပ်နေခြင်းဖြစ်သည်။ MG4EV ကားများသည် 150 kw, 250 Mm Torque ဖြစ်ပြီး 0 to 100 kmh ရောက်ရှိရန် ၇ စက္ကန့်သာကြာမြင့်မည်ဟု သိရသည်။ Standard ကားများတွင် Battery Capacity 51 KWh,Comfort နှင့် Luxury ကားများတွင် 64KWh Battery Capacity ပါရှိပြီး အိမ်သုံးမီတာ၊ ပါ၀ါမီတာနှင့် လျှပ်စစ်ကားအားသွင်းစင်တာတို့တွင် အားသွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ စျေးနှုန်းများအနေဖြင့် မိတ်ဆက်ပွဲနေ့တွင် Standard ကားများကို ကျပ်သိန်း ၇၀၀ ကျော်နှင့် Luxury ကားများကို ကျပ် ၉၀၀ ကျော်တို့ဖြင့် မိတ်ဆက်ရောင်းချခဲ့ခြင်းဖြစ်သည်။MG4EV ကားများကို 8 years/ 150000 အာမခံရရှိမည်ဖြစ်ပြီး ဘဏ်ဖြင့် ချိတ်ဆက်ဝယ်ယူမှုများလည်း ပြုလုပ်နိုင်မည်ဟု သိရသည်။

Most Read

Most Recent