မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၁ ဒသမ ၇ သန်းကျော် ရှိလာ 

မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၁ ဒသမ ၇ သန်းကျော် ရှိလာ 
Published 22 March 2023

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၁ ဒသမ ၇ သန်းကျော် ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA Myanmar) က ထုတ်ပြန်သည်။ 

မြန်မာနိုင်ငံတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပကများကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်တက်နေကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းက မြို့နယ်အများအပြား၌ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ အပါအဝင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းကြောင့် နေရပ်စွန့်ခွာရသူများ၊ အရပ်သားထိခိုက်သေဆုံးမှုများနှင့် အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၂၃ခုနှစ် မတ် ၁၃ ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၁ ဒသမ ၇ သန်းကျော် ရှိလာပြီ ဖြစ်ကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုအထဲကမှ လူဦးရေ ၁ ဒသမ ၄ သန်းနီးပါးမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံ၌ ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေ အများဆုံးအနေဖြင့် နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် ၉၄၃,၁၀၀ နှင့် အရှေ့တောင်ပိုင်းတွင် ၄၀၉,၄၀၀ အသီးသီးရှိကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent