မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေး

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေး
မြန်မာ-အိန္ဒိယနှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးကို တွေ့ရစဉ်(ဓာတ်ပုံ- UMFCCI)
မြန်မာ-အိန္ဒိယနှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးကို တွေ့ရစဉ်(ဓာတ်ပုံ- UMFCCI)
Published 1 March 2023

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း ကုန်သည် စက်မှုအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ India Myanmar Chamber ၏ နာယက H.E.Mr Shri Vinay Kumar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်  ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း ဦးဆောင်သော တာဝန်ရှိသူများတို့၏  တွေ့ဆုံ ပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က အသင်းချုပ်၌ ကျင်းပခဲ့သည်။

တွေ့ဆုံစဉ် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက မကြာသေးမီက အရှေ့မြောက်ဒေသမှ  ငွေရေးကြေးရေးအ ဖွဲ့အစည်း ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ လက်ရှိစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများကို အပြန်အလှန်ဆွေးနွေး ဖလှယ်ခဲ့ပါကြောင်း၊ နောက်ဆုံးစာရင်းအင်း အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ Trade Partner အဖြစ် နံပါတ် (၅) နေရာ၊ အကြီးဆုံး Export Destination များထဲမှ နံပါတ် (၄)၊ သွင်းကုန်အ ရင်းအမြစ်များထဲမှ နံပါတ် (၆) နေရာများတွင် ရှိပါကြောင်း၊ IMCC သည် မိမိတို့၏ အရင်းနှီးဆုံး စီးပွားရေးမိတ်ဖက်များထဲတွင် ပါဝင်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

H.E.Mr Shri Vinay Kumar က မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရေးကြီးသည့်ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊ အိန္ဒိယ၏ ပို့ကုန်ပါတနာလည်း ဖြစ်ပါကြောင်း၊ဆိုလာစွမ်းအင်စီမံကိန်း အကောင်အထည်ဖော်နေမှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားပြီး ရေရှည်လက်တွဲ ဆောင်ရွက်သွားနိုင်ရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ သွင်းကုန်လိုင်စင်များ ဖြေလျှော့ပေးနိုင်ရေး၊ ပြည်တွင်းအခြေခံ အဆောက်အအုံတည်ဆောက်ရေး၊ ဆန်တင်ပို့မှုဆိုင်ရာကိစွရပ်များ၊ လျှပ်စစ်မီးတည် ငြိမ်စေရေး၊ ကုန်ကြမ်းများမပြတ်လပ်စေရေး၊ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးတို့ကို ပြောကြား ခဲ့သည်။

အစည်းအဝေးတွင် နှစ်ဖက်ကိုယ်စားလှယ်များမှ နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာများ၊ ကြုံတွေ့နေရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပြီး ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ဆောက်လုပ်ရေးနှင့်အခြေခံအဆောက်အအုံ၊ ပို့ကုန်သွင်းကုန်ဆိုင်ရာများ၊ ကုန်သွယ်မှုဆိုင်ရာမူဝါဒများ၊ ခရီးသွားလုပ်ငန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် စီးပွားရေးအခွင့်အလမ်းများကို အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

Most Read

Most Recent