ကွန်းဖရန့်လိဂ် Knock-out အဆင့် Play-off ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

ကွန်းဖရန့်လိဂ် Knock-out အဆင့် Play-off ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 23 February 2023

ကလုချ် နှင့် လာဇီယို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

အီတလီမြေမှာ ကစားခဲ့တုန်းကတောင် လာဇီယိုအသင်း တစ်ဖက်သတ်အသာရခဲ့တာမျိုး မရှိခဲ့ဘူး။ ဒါပေမဲ့ ကလုချ်ဂိုးသမားရဲ့ လက်စွမ်းပြကာကွယ်မှုတချို့ကလည်း အိမ်ရှင်အသင်းကို ဂိုးပြတ်မရှုံးစေခဲ့တာလို့ပဲ ပြောရမယ်။ ဒါပေမဲ့ လာဇီ ယိုအသင်းရဲ့ အဝေးကွင်းခြေစွမ်းက မှန်းဆရခက်တဲ့ အနေအထားဖြစ်တာကို ထည့်သွင်းစဉ်းစားသင့်တယ်။ အိမ်ရှင်နဲ့ပဲ စွန့်စားတာပိုကောင်းမယ်။

ဒီနီပရို နှင့် လာနာကာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ယူကရိန်းကလပ် ဒီနီပရိုအသင်းအနေနဲ့ အိမ်ကွင်းပွဲစဉ်ကို ကြားကွင်းဖြစ်တဲ့ ဆလိုဗက်ကီးယားမြေမှာ ကစားရမှာပါ။ ဒီနီပရိုပဲ နိုင်ဖို့များတယ်။ 

ပါတီဇန် နှင့် ရှာရစ်ဖ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

အိမ်ကွင်း ပထမအကျော့အရှုံးကို ရှာရစ်ဖ်အသင်း ပြန်ပြောင်းနိုင်ဖို့ အတော်ခက်ခဲပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကောင်းတဲ့ ရှာရစ်ဖ်ကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။

အန်ဒါလက်ချ် နှင့် လူဒိုဂိုရတ်စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

အန်ဒါလက်ချ်အသင်းမှာ ဗာတွန်ဂန်၊ ဆလီမာနီတို့လို ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေ ရှိပေမဲ့ အသင်းက စုစည်းမှု အားနည်းနေတယ်။ အဝေးကွင်းဖြစ်ပေမဲ့ လူဒိုဂိုရတ်စ် သရေလောက်ရနိုင်တယ်။

KAA ဂျန့် နှင့် ကာရာဘတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ကာရာဘတ်အသင်းကတော့ ပြိုင်ပွဲစုံနောက်ဆုံး(၁၇)ပွဲ မှာ (၃)ပွဲသာအရေးနိမ့်တဲ့အထိ ခြေစွမ်းတည်ငြိမ်နေတယ်လို့ ပြောရမယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံမြေမှာတော့ အိမ်ရှင်အသင်းပဲ ရွေးချယ်တာပိုကောင်းမယ်။

ဘေဆယ် နှင့် ထရတ်ဇွန်စပေါ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ယခင်ကာလတွေတုန်းကဆိုရင် ဘေဆယ်က ပထမအကျော့ရလဒ်ကို အိမ်ကွင်းမှာ ပြောင်းလဲနိုင်စွမ်း အပြည့်အဝရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဘေဆယ်က အဖက်ဖက်နိမ့်ကျနေချိန် ရောက်နေပြီ။ ထရတ်ဇွန်စပေါ် အသင်းက ပြည်တွင်းပွဲတွေမရှိလို့ ဥရောပပြိုင်ပွဲဘက်ကိုပဲ ဖိဖိစီးစီးကစားနေရတာက အားသာချက်တစ်ခုပါ။ ဆွစ်ဇာလန်မြေမှာ ထရတ်ဇွန်စပေါ် သရေရနိုင်တယ်။

လက်ချ်ပေါ့နန် နှင့် ဘိုဒယ်ဂလင့် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့မှာ ဘိုဒယ်ဂလင့်အသင်း အပြတ်အသတ်သာပေမဲ့ အဆုံးသတ်ပိုင်းအားနည်းလို့ နိုင်ပွဲမရခဲ့တာဖြစ်တယ်။ အခု ပိုလန်မြေမှာ ကစားရမှာဖြစ်ပေမဲ့ ကစားသမားအင်အားသာတဲ့ ဘိုဒယ်ဂလင့်ပဲ အသာစီးကကစားနိုင်ဦးမှာ သေချာပါတယ်။ လက်ချ်ပေါ့နန်အသင်းကတော့ ပြိုင်ပွဲစုံနောက်ဆုံး(၈) ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားတာ တွေ့ရတယ်။ ဘိုဒယ်ဂလင့်ကိုပဲ ရွေးချယ်ချင်တယ်။

ဖီအိုရင်တီးနား နှင့် စပို့တင်းဘရာဂါ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့မှာ စပို့တင်းဘရာဂါအသင်း (၀-၁)နဲ့ ရှုံးနေချိန် တစ်ယောက်အထုတ်ခံရပြီးနောက် (၃)ဂိုးထပ်ပေးလိုက်ရတာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရလဒ်က ဘရာဂါအသင်းကို ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ မဖြစ်နိုင်တဲ့အခြေအနေကို ရောက်ရှိသွားစေခဲ့တယ်။ ဖီအိုရင်တီးနားအဖို့ စီးရီးအေမှာလည်း ပွဲကျပ်တွေမရှိတဲ့ ကာလအပိုင်းအခြားဖြစ်လို့ အိမ်ကွင်းပွဲကို အပြောင်းအလဲသိပ်မလုပ်ဘဲ ကစားသွားဖို့က ရာခိုင်နှုန်း ပိုများပါတယ်။ ဘရာဂါကတော့ အိမ်ကွင်း၊ အဝေးကွင်း ခြေစွမ်းကွာဟချက်များတဲ့အသင်းပါ။ ဖီအိုရင်တီးနားအသင်း နိုင်ပွဲဆက်ဦးမယ်ထင်တယ်။

Most Read

Most Recent